နာမည်ကျော်မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်တစ်ယောက် အမြဲလိုလို Tik Tok လေးတွေ ကစားတတ်ပြီး ပရိသတ်တွေကို ဖျော်ဖြေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူနဲ့အတူ Snap Chat Video က Effect လေးတွေနဲ့ နှစ်ယောက်သား ချစ်စရာကောင်းလွန်းနေပါတယ်။ အောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာလောကမှာ ရပ်တည်နေခဲ့ပြီး ပရိသတ်တွေ ရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အ၀ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ကောင်းပြည့်နဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကိုတည်ဆောက်ထားပြီး နှစ်ယောက်သား ရွှေလက်တွဲလာတာလည်း ခြောက်နှစ်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ အချိန်တွေအကြာကြီး နားလည်မှုရှိရှိနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ သူမတို့ချစ်သူစုံတွဲလေးကတော့ ပရိသတ်တွေ ကြားမှာ Idol Couple လေး ဖြစ်လို့နေပါတယ်။ လက်ရှိအချိန်ထိလည်း အချစ်တွေပိုပိုတိုးပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲတွေ ခိုင်မြဲနေဆဲပါပဲ။

သူမရဲ့ Instagram My Day မှာ နှစ်ယောက်သားရဲ့ အပြုံးတွေဝေနေတဲ့ Snap Chat Video လေးကို တင်ထားတာပဲဖြစ်ပါတယ်။ အမြဲလိုလို အတူတူရှိနေတတ်ပြီး သိပ်ချစ်ကြတဲ့နှစ်ယောက်သားက ဒီတစ်ခေါက်မှာလည်း ချစ်စဖွယ် Video လေးနဲ့ ပရိသတ်တွေကို စိတ်ကြည်နူးအောင် အပြုံးတွေဝေမျှလိုက်ပြန်ပါပြီ။

Photo - Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။