Beauty Blogger ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော နေခြည်ဦးကတော့ မိန်းကလေးပရိသတ်တိုင်းရဲ့ အချစ်တော် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး ကိုယ်ပိုင်အရည်အချင်းရှိတဲ့ နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးရင်း ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ပိုမိုရရှိထားတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း နေခြည်ဦးက Vivo Smart Phone ရဲ့ Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

လက်ရှိမှာတော့ နေခြည်ဦးက ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်နေတဲ့ Vivo Smart Phone ရဲ့ ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်နေရပါတယ်။ ယနေ့မှာ စတင်မိတ်ဆက်လိုက်တဲ့ Vivo ရဲ့ V15 | V15Pro Launching Event မှာတော့ နေခြည်ဦးက Brand Ambassador အဖြစ် တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ အခြားအနုပညာရှင် မင်းသမီးချောလေးတွေလည်း ပွဲတက်လာတာ တွေ့ရပါတယ်။

ဒီပွဲလေးမှာ နေခြည်ဦးက အဆိုတော်၊သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနဲ့အတူ တွေ့ဆုံခဲ့ပြီး " love her so much" ဆိုပြီး နှစ်ယောက်ပုံလေးကို တင်ထားပါတယ်။ အပြာရောင်ဖက်ရှင်နဲ့ အရမ်းကို တောက်ပနေတဲ့ နေခြည်ဦးရဲ့ အလှတရားတွေက မြင်သူတိုင်း ကြွေကျမိစေလောက်အောင် စွဲမက်ဖွယ်ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ Vivo ပွဲတက် အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။