ပရိတ်သတ်ရဲ့ အသည်းကျော်တစ်ယောက်ဖြစ်တဲ့ မယ်လိုဒီကတော့ အနုပညာအလုပ်ကို ဝါသနာကိုအရင်းခံကာ လုပ်ဆောင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မယ်လိုဒီက သရုပ်ဆောင်ပိုင်းမှာလည်း တော်သလို သီချင်းဆိုတဲ့အခါမှာလည်း အသံချိုချိုလေးနဲ့ ပရိတ်သတ်ရဲ့နားထဲစွဲနေအောင် သီဆိုနိုင်ပါတယ်။မယ်လိုဒီကို ကြော်ငြာတွေ အများအပြားမှာလည်း တွေ့ရပြီး ပရိတ်သတ်ရဲ့ရင်ထဲမှာနေရာယူထားနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
 
                        
                     
                        
                     
                        
                     
                        
                    မယ်လိုဒီက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီး ရှိုးပွဲတွေ ကြော်ငြာတွေကိုသာ လက်ခံနေတာဖြစ်ပါတယ်။မယ်လိုဒီရဲ့သားလေးကလည်း ဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အပြင် ချစ်စမွှေးလေးကလည်း ပါတော့ လူချစ်လူခင်ပေါများတဲ့ကလေးလေးဖြစ်ပါတယ်။မိဘတွေအတွက် အခုအရွယ်ကတည်းက လိမ္မာပြီး သိတတ်တဲ့ကလေးပါ။
 
                        
                     
                        
                     
                        
                     
                        
                     
                        
                    သိန္ဓိစစ်လေးက မိဘရဲ့သွန်သင်ဆုံးမမှုအောက်မှာ ဘုရားတရားကိုင်းရှိုင်းတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။နာမည်ကျော်ဆရာတော်ဘုရားကြီးတွေရဲ့ ချစ်ခင်မှုကိုလည်း ရတဲ့ ၃နှစ်၁၀လအရွယ် ကလေးလေးရဲ့ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုက အံ့မခန်းပါပဲနော်။အခုဆိုရင်လည်း သားလေးရဲ့ ဆန္ဒကို မေမေကဖြည့်ပေးရင်း ဘုရားကို သေချာဦးခိုက်ကာ ကြည်ညိုသဒ္ဒါပွားနေတဲ့ သာဓုခေါ်စရာပုံရိပ်လေးကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
 
                        
                     
                        
                     
                        
                     
                        
                     
                        
                    Source:Melody Myo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              