ပရိသတ်ကြီးရေ.. အနုပညာလောကမှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောလေး ဟိန်းဝေယံကတော့ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေတဲ့ မင်းသားချောလေး ဟိန်းဝေယံကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေသလို ဇာတ်ကားတွေကိုလည်း အဆက်မပြတ်ရိုက်ကူးနေတာမို့ ချစ်ပရိသတ်တွေကလည်း ဝမ်းသာနေကြတာ တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောလေးဟိန်းဝေယံကတော့ သူ့ရဲ့ အချစ်ရေးလေးအကြောင်းလေးနဲ့ ဘဝမှာ အချစ်က အရေးပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်း ပရိသတ်တွေကိုလည်း ပြောပြထားပါတယ်နော်..။

အေးဆေးတည်ငြိမ်နေတဲ့ သူ့ရဲ့အချစ်ရေးအကြောင်းနဲ့အတူ အချစ်ပတ်သက်ပြီး သူ့ရဲ့ခံယူမှုလေးတွေကိုပြောပြထားပြီး ပရိသတ်တွေသဘောတူနေကြတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်နဲ့ ခင်မင်ရင်းနှီးမှုလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

မင်းသမီးချောလေး စိုးပြည့်သဇင်နဲ့ သူ့တို့နှစ်ယောက်အပေါ် ပရိသတ်တွေအမြင်နဲ့ ပတ်သက်ပြီးတော့လည်း သူတို့နှစ်ယောက်အတူတွဲပြီး သရုပ်ဆောင်တဲ့ အပေါ် ပရိသတ်တွေသဘောကျတာဖြစ်ပါလိမ့်မယ်ဆိုပြီး ပြောပြထားသလို ဇာတ်ကားတွေလည်း အများကြီး တွဲရိုက်ကူးထားကြတာမို့ အပြင်မှာလည်း ခင်မင်ရင်းနှီးကြတယ်ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ရင်ခွင်ရှင်းတမ်း ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောပြထားသေးတာမို့ မင်းသားချောလေး ဟိန်းဝေယံရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဟိန်းဝေယံ၊ Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။