ပရိသတ်ကြီးရေ ဆေးကျောင်းသူဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင်မလေးပိုးမမှီသာ ကိုသိကြမယ်ထင်ပါတယ်နော်။ မိဘစကားကိုနားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ သူမကတော့ ပညာရေးထူးချွန်သာတင်မဟုတ်ပဲ အနုပညာလောကမှာလည်း သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်အများအပြားရဲ့အားပေးမှုကိုရယူပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ SAI Cosmetix ရဲ့ ပင်တိုင်ကြော်ငြာသူလေးဖြစ်တဲ့ ပိုးမမှီသာဟာဆိုရင် စိုင်းစိုင်းခမ်းလှိုင်ပါဝင်သီဆိုထားတဲ့ "သင်္ဂါရ" သီချင်း Mtv ထဲကနေလူသိများလာတာဖြစ်ပြီး ပရိသတ်များကတစ်ခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ဆိုင်ဖွင့်ပွဲ၊ ဖက်ရှင်လ်ရှိူးစသဖြင့် ပွဲတော်တော်များများကို ဖိတ်ကြားခြင်းခံရတဲ့ မြန်မာပြည်ရဲ့ ထိတ်တန်းမော်ဒယ်သရုပ်ဆောင် ဖြစ်ပါတယ်။ photos shoooting တွေမှာလည်း သူမရဲ့ကျက်သရေရှိရှိ အလှပုံရိပ်တွေကို ပရိသတ်ကြီးနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ မြန်မာပြည်ကြီးကို အကျိုးပြုမဲ့ အနာဂတ် ကြယ်ပွင့် ဆရာဝန်လောင်းလေးတစ်ယောက်လို့ပြောရမှာဖြစ်ပါတယ်။

သူမရဲ့ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် အနုပညာလှုပ်ရှားမှု၊နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း အရမ်းကိုစတိုင်ကျ သေသပ်လှပပြီး ချစ်စရာ ပုံရိပ်လေးတွေနဲ့အတူ "I’m 11 minutes away and I have missed you all day "အဆိုပါစာသားလေးနဲ့တကွထုတ်ဖော်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Source Poe Mamhe Thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။