အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်းကတော့ ယနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မင်းသားချော သူထူးစံနဲ့ မင်းသမီးချောလေး ထိုက်စုဝင်းတို့စုံတွဲရဲ့ မင်္ဂလာပွဲလေးကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တဲ့ သူထူးစံတို့စုံတွဲရဲ့ မင်္ဂလာပွဲလေးကိုတော့ ပြည်သူချစ်အနုပညာရှင်တွေ စုံစုံလင်လင် တက်ရောက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။



ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ သူထူးစံနဲ့ ထိုက်စုဝင်းတို့ စုံတွဲလေးက နေနဲ့လ ၊ ရွှေနဲ့မြလို လိုက်ဖက်ညီစွာနဲ့ ကျက်သရေရှိတဲ့ မင်္ဂလာဧည့်ခံပွဲကြီးကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ရတနာပုံခေတ်က ရှေးမြန်မာတို့ရဲ့ အပြင်အဆင်၊ အဆောင်အယောင်တွေအတိုင်း ရှေးဆန်စွာ ကျင်းပခဲ့တဲ့ သူထူးစံတို့မင်္ဂလာပွဲလေးကိုတော့ တက်ရောက်လာခဲ့တဲ့ ဧည့်ပရိသတ်တွေအားလုံးက ကောင်းချီးမင်္ဂလာပြုပေးခဲ့ကြတာလည်း တွေ့ရပါတယ်။




အခုလည်း ထွန်းထွန်းက သူတက်ရောက်ခဲ့တဲ့ သူထူးစံတို့စုံတွဲရဲ့ မင်္ဂလာပွဲက အမှတ်တရပုံရိပ်လေးတွေကို "ကိုဇော်မိုး+ညီမလေးထိုက်စုဝင်း" မင်္ဂလာပွဲလေးဆိုပြီး မျှဝေပေးခဲ့ပါတယ်။ ရွှေရောင်တွေလွှမ်းတဲ့ မင်္ဂလာပွဲလေးမှာတော့ ထွန်းထွန်း၊ စည်ဖြိုး၊ ဆုပန်ထွာတို့က သူထူးစံတို့စုံတွဲလေးအတွက် ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူထူးစံတို့မင်္ဂလာပွဲရောက် ထွန်းထွန်းတို့ သူငယ်ချင်းတစ်စုရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Htin Aung Tun;
photo credit;





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။