MRTV -4 ၊ Channel 7 ရုပ်သံဇာတ်လမ်းတွဲတွေကနေ လူသိများအောင်မြင်လာခဲ့တဲ့ စည်သူဝင်း၊ စိုပြေမြင့်၊ သျှင်းမြတ်၊ ဝင့်ယမုံနိုင်တို့ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်လေးတွေ ဖြစ်ကြပါတယ်။ ပရိသတ်တွေရဲ့ ကြည့်ရှုမှုအများဆုံး ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ အမြဲလိုလို ပျော်ရွှင်စရာလေးတွေကို အတူဖန်တီးလေ့ရှိကြတာလည်း ဖြစ်ပါတယ်။
အခုလည်း သူတို့သူငယ်ချင်းတစ်စုက ရန်ကုန်ကနေ ရွာငံဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေးမှာ အလှူပြုလုပ်ဖို့ Forever Group အဖွဲ့သားတွေနဲ့အတူ ခရီးထွက်ခဲ့ကြပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးမှာတော့ စိုပြေမြင့်တို့ သူငယ်ချင်းတစ်စုက အူတက်အောင်ရယ်နေရတဲ့ အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ ရုပ်ပြောင်လေးတွေနဲ့ ရိုက်ကူးခဲ့ကြတဲ့ သူတို့အဖွဲ့လေးရဲ့ ဗီဒီယိုလေးတွေကတော့ တကယ်ပဲ ခွီနေရတာ ဖြစ်ပါတယ်။
အခုလည်း စိုပြေမြင့်က "TikTok အဖွဲ့ဝင်အသစ်များ " ဆိုပြီး နာမည်ကြီးနေတဲ့ သီချင်းလေးတွေကို အလန်းစားကကွက်တွေနဲ့ ကပြထားတဲ့ Tik Tok ဗီဒီယိုလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ လူစုံတက်စုံနဲ့ တစ်ပျော်တစ်ပါးကြီး ရိုက်ကူးထားတဲ့ သူတို့အဖွဲ့ရဲ့ ဗီဒီယိုလေးတွေမှာတော့ စည်သူဝင်း၊ သျှင်းမြတ်၊ စိုပြေမြင့်၊ ဘုန်းဆက်သွင်၊ ဝင့်ယမုံနိုင်နဲ့ ဝိုင်းရွှေရည်တို့က ထူးထူးခြားခြား ကကွက်ဆန်းတွေနဲ့ အားရပါးရ ဒွန့်ပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်စရာကောင်းသလို အူတက်အောင်လည်း ရယ်နေရတဲ့ စိုပြေမြင့်တို့အဖွဲ့ရဲ့ အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
source:So Pyay Myint & Phyo Thanthar Cho;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။