ပရိတ်သတ်ကြီးရေ မြတ်ကေသီအောင်ကတော့ ငယ်ရွယ်နုပျိုစဉ်ကတည်းက မင်းသမီးတစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်လျှောက်လှမ်းလာတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါရဲ့ ဇာတ်ကားတွေအများအပြားမှာလည်း နေရာယူခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိခဲ့တဲ့ မင်းသမီးလေးပါနော်။အပြစ်ပြောစရာမရှိတဲ့ အလှတရားတွေနဲ့ သူ့ခေတ်သူ့အခါမှာ အရမ်းကိုလှခဲ့တဲ့သူတစ်ယောက်ဖြစ်လို့ ပရိတ်သတ်တွေက အားပေးချစ်ခင်တဲ့ အနုပညာရှင်ဖြစ်ပါတယ်။

မြတ်ကေသီအောင်တို့ ခေတ်တုန်းက ဇာတ်ကားတွေဟာဆိုရင်လည်း ဇာတ်လမ်း ဇာတ်အိမ်ကလည်း ကောင်းသလို ပါဝင်သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေကလည်း စိတ်နှစ်ပြီး ကြိုးကြိုးစားစားလုပ်ကိုင်ကြတာဖြစ်လို့ အရမ်းကောင်းခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပြီး ယခုချိန်ထိ ပရိတ်သတ်တွေစွဲလမ်းနှစ်ခြိုက်နေတာဖြစ်ပါတယ်။မြတ်ကေသီအောင် စုလှိုင်နှင်း တင်ဇာဝင်းပြည့် စိုးမြတ်သူဇာ မေသဉ္ဇာဦး ခင်ပပလှိုင် တို့ သူငယ်ချင်းတွေကလည်း အနုပညာလောကမှာ အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။

အခုဆိုရင် သူငယ်ချင်းတွေအကုန်လုံးကလည်း အသက်အရွယ်တစ်ခုကို ရောက်ရှိလာကြပြီး အနုပညာလောကမှာ ဆက်လက်လုပ်ကိုင်နေတဲ့ သူတွေလည်း ရှိသလို ရပ်နားလိုက်တဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။သူငယ်ချင်းသံယောဇဉ်က အချိန်တွေကြာလာတာတောင် ခိုင်မြဲနေဆဲဖြစ်လို့ အခုဆိုရင် မြတ်ကေသီအောင်ရဲ့ မွေးနေ့လေးမှာ သူငယ်ချင်းတွေဆုံပြီး လူငယ်လေးတွေလို လွတ်လပ်ပျော်ရွှင်စွာနဲ့ ကျင်းပခဲ့ကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Myat Kay Thi Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။