ပရိတ်သတ်ကြီးရေ ယွန်းရွှေရည်လို့ပြောလိုက်ရင် ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်တဲ့ သူမမျက်နှာလေးကိုပြေးမြင်မိကြမှာပါ။ယွန်းရွှေရည်က အနုပညာလောကထဲကို စစဝင်လာခြင်းမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခွင့်ရခဲ့ပါတယ်။ယွန်းရွှေရည်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းရဲ့ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် ကြိုးစားသရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အလွမ်း အဆွေး အမုန်း ဟာသ စတဲ့ ကာရိုက်တာမျိုးစုံကို ကြိုးစားတာဖြစ်လို့ ပရိတ်သတ်တွေကသတိထားမိလာပါတယ်။





နောက်ပိုင်းမှာတော့ ခေါင်းဆောင်မင်းသမီးနေရာကလည်း ရိုက်ကူးလာရပြီး ပရိတ်သတ်ရဲ့အားပေးခြင်းတွေကိုရရှိခဲ့ပါတယ်။ယွန်းရွှေရည်က လူငယ်ပီပီ လွတ်လပ်ပျော်ရွှင်စွာနေတတ်ပြီး ဖော်ရွေသဘောကောင်းသူမို့ လူမှုဆက်ဆံရေးလည်းကောင်းတဲ့အပြင် သူငယ်ချင်းတွေနဲ့ဆိုလည်း စလိုက်နောက်လိုက်နဲ့ နေတတ်တဲ့ မင်းသမီးချောလေးပါ။ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့အလှလေးကလည်း တစ်မျိုးလေးလှပါတယ်နော်။





ယွန်းရွှေရည်က အခုဆိုရင် အလုပ်ကိစ္စနဲ့အတူ အဖွဲ့သားတွေနဲ့ ခရီးထွက်နေရပြီး သူမရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေကိုလည်း ပရိတ်သတ်ကို မျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင် ယွန်းရွှေရည်က mrtv4 မင်းသမီးချောလေး ဆောင်းဝတ်ရည်မေနဲ့ အတူ ဟိုနားဒီနား ခဏ ဆိုင်္ပြး ပုဂံမြို့ထိတောင်ရောက်သွားပါတယ်နော်။သူငယ်ချင်းနှစ်ယောက် အလည်လွန်ပြီး ရောက်သွားတဲ ပုဂံမှာ ဘုရားပေါင်းများစွာကို ဝင်ရောက် ဦးခိုက်ရင်း ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။





Source:Hsaung Wuttyee May
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။