ဖြူဖြူထွေးလို့ ဆိုလိုက်တာနဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေအပြင် ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်လာတဲ့ အနုပညာရှင် ကောင်မလေးတစ်ဦးကို ပရိသတ်ကြီး မြင်ယောင်နေမိမှာပါပဲနော်..။
အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးများနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို ဒဂုံတက္ကသိုလ်မှာ ပညာသင်ယူနေရင်းတစ်ဖက်မှာလည်း အနုပညာအလုပ်တွေကိုလုပ်ဆောင်နေပြီး မိဘတွေကို ထောက်ပံ့နေတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်..။
အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ဖြူဖြူထွေးကတော့ Botany မေဂျာနောက်ဆုံးနှစ်ကို ဖြေဆိုအောင်မြင်ထားပြီး ကြော်ငြာတွေနဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်နော်..။
Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတဲ့ ဖြူဖြူထွေးလေးကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ရိုက်ကူးထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ထပ်မံမျှဝေလိုက်ပြန်ပါတယ်..။
ပေါက်မြို့ကို ရောက်ရှိနေတဲ့ သူမကတော့ သာယာလှပတဲ့ သဘာဝအလှတွေနဲ့အတူ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတစ်ခု ဖန်တီးပြီး ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်နော်..။
သာယာလွန်းတဲ့ သဘာဝအလှတရားတွေအပြင် မြန်မာဆန်ဆန်အေးချမ်းအလှပုံရိပ်လေးတွေကို မြင်တွေ့ရတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Photo - ဖြူဖြူထွေး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။