ပရိသတ်ကြီးရေ Transgender အလှမယ်တစ်ယောက်ဖြစ်တဲ့ မေသစ္စာမောင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် Miss International Queen Myanmar 2019 ဆုကို ရရှိထားသူဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ Transgender တစ်ယောက်ဖြစ်ပင်မဲ့ မိန်းကလေးအစစ်တွေ ထက်တောင် ချောမောလှပပြီး ဆွဲဆောင်မှုရှိရှိ ပုရိသအပေါင်းရဲ့ ဝန်းရံအားပေးမှုကို လက်ခံရရှိထားတာဖြစ်ပါတယ်။ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကြောင့် ယောကျာ်းလေးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို အများဆုံးပိုင်ဆိုင်လျက်ရှိတာလည်းဖြစ်ပါတယ်။


သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးရတာဖြစ်ပြီး၊ ကြော်ငြာ အများအပြားကိုလည်း လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။ သီချင်း Mtv တွေထဲမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူး ခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သီချင်းဗီဒီယိုတွေလည်း လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ ဖက်ရှင်အလန်းစားလေးနဲ့ သူမရဲ့ဆွဲဆောင်မှုရှိရှိ အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးကြည့်ရှုခံစားရအောင် facebook ပေါ်တွင် အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။


Sexy ကျလှတဲ့ သူမရဲ့ ပုံရိပ်လေးတွေဟာဆိုရင် social media လောကမှာ နာမည်ကြီး ရေပန်းစားကျော်ကြားခဲ့တာဖြစ်ပါတယ်။ ပုရိသ အပေါင်းရဲ့ ငေးမှိုင်ထိုင်ကာကျသွားလောက်အောင် သူမရဲ့ အလန်းစား အလှပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်လေးတွေဝတ်စားဆင်ယင်ခဲ့ပင်မဲ့ မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ပြန်ရင်လည်း ကျက်သရေရှိစွာ လှပနေတာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားသို့ ဘုရားဖူးရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့ မြန်မာဆန်ဆန်ဝတ်စားထားတဲ့ ပုံရိပ်လေးတွေနဲ့အတူ "အချိန်တွေအကြာကြီး အနားမှာနေချင်လို့ဘုရားမှာမင်းအတွက် ကြာပန်းလေးတွေလှူခဲ့တယ်" ဆိုတဲ့ ဆုတောင်းစာသားလေးကို official facebook acc တွင် ထုတ်ဖောြ်ပသတင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source May Thitsar Maung



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။