ပရိသတ်ကြီးရေ.. မိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောမိုးဟေကိုကတော့ ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အားလုံးရဲ့အသည်းကျော် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်..။
ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေအပြင် အပြုံးချိုချိုလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှတွေကလည်း သူမရဲ့ထူးခြားမှုလေးတွေပါပဲ..။
အချိန်တစ်ခုအထိ အနုပညာအလုပ်တွေနည်းပါးခဲ့ပေမယ့် လတ်တလောမှာတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေပြီး ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်နော်..။
အခမ်းအနားပွဲတွေတက်ဖြစ်နေတဲ့ ချစ်သောမိုးကတော့ ဖေဖော်ဝါရီ(၈)ရက်နေ့က ရန်ကုန် ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ "Acacia Tea Salon" မှ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Pastry မုန့်အသစ် မိတ်ဆက်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်နော်..။
အခမ်းအနားပွဲကို တက်ရောက်ခဲ့တဲ့ မိုးရဲ့ ပုံရိပ်လေးတွေကတော့ သူမရဲ့ အသားအရေလေးနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဝတ်စုံလေးနဲ့ အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကလည်း ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုပါ လည်ပြန်ငေးရလောက်အောင် ကျော့ကျော့ရှင်းရှင်းလေးနဲ့ ညို့အားပြင်းပြင်း ဖမ်းစားထားပါတယ်နော်..။
လတ်တလောမှာတော့ တမူထူးခြားတဲ့ အလှတရားတွေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပွဲလယ်တင့်ခဲ့တဲ့ အားလုံးရဲ့အသည်းကျော်လေး သရုပ်ဆောင်မင်းသမီးချောမိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာမို့ မိုးရဲ့ ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။
Photo - မိုးဟေကို
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။