Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းတစ်ယောက် သူမရဲ့ရင်သပ်ရှုမောဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲဖြစ်ပါတယ်။ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူကိုဆွတ်ခူးထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်ဖက်ကိုကူးပြောင်းလာခဲ့ပြီး သူမက ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှလည်း ပြည်သူတွေရဲ့အကျိုးကိုသယ်ပိုးဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တော့မှာပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တုန်းက Miss Now How 2017 ဆုနဲ့ Miss Popular 2017 ဆုရှင် ယွန်းဝင့်လွှာအောင်နဲ့လည်း ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေကြားအတော်လေးရေပန်းစားခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ နှစ်ယောက်သား သူငယ်ချင်းအဖြစ်နဲ့ ဆက်လက်တည်ရှိနေပြီး လက်ရှိအချိန်ထိလည်း ချစ်ချစ်ခင်ခင်ရှိနေကြတာပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းတစ်ယောက် သူမရဲ့ချစ်သူနဲ့လည်း ချစ်သက်တမ်း ငါးနှစ်ရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်းနှစ်ယောက်သားက နားလည်မှုတွေနဲ့ ရှေ့ဆက်နေတာပဲဖြစ်ပါတယ်။

မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကို " မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူရဆုံးအချိန် ဘယ်အချိန်လည်း ပြောသွားကြည့် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ကြည့်မဝ ရှုမဝ လှပလွန်းနေတဲ့ ထက်ထက်ထွန်းရဲ့ အိန္ဒြေရှိလှတဲ့ ရင်ခုန်ဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။