ချစ်ပရိတ်သတ်ကြီးရေ... မော်ဒယ်မလေးတစ်ယောက်လည်းဖြစ် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ နန်းခင်ဇေယျာကို ပရိတ်သတ်ကြီးသိမှာပါနော်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့ပြီး ပရိတ်သတ်တွေ ရဲ့လက်ခုပ်သံတွေကို အရယူနိုင်ခဲ့တဲ့ မင်းသမီးတွေထဲကတစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။

မော်ဒယ်လောကမှာလည်းအောင်မြင်တဲ့ သူတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေပြီးတော့ ပရိတ်သတ်ချစ် သရုပ်ဆောင်မင်းသမီးလေးနန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေတင်သာမကဘဲ လူငယ်တွေတိုးတက်ရေးအတွက် သင်တန်းတွေကို သင်ကြားပို့ချနေသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။ တစ်ဖက်မှာလည်း သူမရဲ့ အနုပညာအလုပ်တွေကို မလစ်လပ်သွာအောင် ပရိတ်သတ်တွေအတွက် အကောင်းဆုံး ကြိုးစားလျက်ရှိပါတယ်နော်။

လတ်တလောမှာတော့ သူမဟာ ခရီးလေးတွေထွက်ဖြစ်နေပြီၤးတော့ ဖျော်ဖြေရေးပွဲလေးတွေကို လည်း တက်ရောက် ဖျော်ဖြေဖြစ်နေပါတယ်နော်။ အခုတခါမှာလည်း အိမ်အပြန်လေယာဉ်ကွင်းအရောက်မှာ အမိုက်စား ပိုစ့် လေးတွေကို ပေးပြီး ပုံရိပ်လေးတွေကို ရိုက်ခဲ့ပါတယ်နော်။အဲ့ဒီ ပုံရိပ်လေးတွေကိုတော့ သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် ချစ်ပရိတ်သတ်တွေကို မျှဝေပေးထားပါတယ်နော်။ ဒီညမှာတော့ နန်းခင်ဇေယျာတစ်ယောက် ဗန်းမောက်ကို သွားရောက်ဖျော်ဖြေမယ်လို့လည်းသိရပါတယ် ချစ်ပရိတ်သတ်ကြီးရေ..

Source : Nang Khin Za yar
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။