ပရိတ်သတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို ဆယ်ကျော်သက်အရွယ် ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ဖွေးဖွေးကအနုပညာကို အရမ်းဝါသနာပါပြီး ဆရာသမားတွေရဲ့ စကားကိုနားထောင်ရင်း ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့လို့ ဖွေးဆိုတဲ့ နေရာတစ်နေရာနဲ့ ရပ်တည်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်လာတဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ မင်းသမီးလေးဖြစ်ပါတယ်။

ဖွေးဖွေး အခုချိန်ထိ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တာဖြစ်လို့ သူမရဲ့အနုပညာသက်တမ်းက အခုဆိုရင် အရမ်းကို ကြာမြင့်နေပြီး အရင်ကထက် ပိုကောင်းတဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနေဆဲဖြစ်ပါတယ်။ဖွေးဖွေးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဆိုရင်လည်း ပရိတ်သတ်တွေကို တစ်ခဲနက်ကို အားပေးကြမ်းကြလွန်းလို့ အရမ်းကိုအောင်မြင်ပြီး ပရိတ်သတ်ရဲ့ အချစ်တော်လေး ဖွေးဆိုပြီးဖြစ်နေတာဖြစ်ပါတယ်။

ဖွေးက အသက်၃၀ကို ရောက်နေပေမယ့် ဆယ်ကျော်သက်လေးတွေအတိုင်း ဖြူဖွေးနုဖတ်ပြီး ငယ်ရွယ်နုပျိုမှုတွေနဲ့ အရမ်းကို လှနေ ချစ်စရာကောင်းနေဆဲဖြစ်ပါတယ်။တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ အလှတရားတွေကြောင့် ပရိတ်သတ်ကလည်း ချစ်ပြီးရင်းကို ချစ်နေကြတာပါ။အခုဆိုရင် စိုင်းစိုင်း ထွန်ထွန်း တို့နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ "ကြာတော့သည်လည်း မောင့်စကား"red carpet show ပွဲကို အဖွဲ့သားတွေနဲ့ အတူတူတက်ရောက်လာပြီး ပရိတ်သတ်တွေရဲ့အလယ်မှာ အရမ်းကိုလှပနေတဲ့ မင်းသမီးလေးက ပြုံးရွှင်ရယ်မောဖော်ရွေစွာနဲ့ တက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

Source:Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။