အပျိုကြီးမမဖြစ်တဲ့ သရုပ်ဆောင် ခင်လေးနွယ်ကတော့ ပရိသတ်ကြီးရဲ့ အချစ်တော် မင်းသမီးလေးပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါ မြန်မာ ဗီဒီယိုလောကမှာ နာမည်ကြီးလူကြိုက်များတဲ့ သရုပ်ဆောင်ဖြစ်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုလက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လီဆူတိုင်းရင်းသူမလေးဖြစ်ပြီး ရိုးသားဖြူစင်တဲ့ စိတ်ထားရှိတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးက အချစ်တွေကို လက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လူတိုင်းအပေါ် ပွင့်ပွင့်လင်းလင်းဆက်ဆံပေါင်းသင်းတက်တဲ့အတွက်ကြောင့် အနုပညာလောကမှာအောင်မြင်ရုံသာမက လူ့အသိုင်းအဝိုင်းမှာလည်း လူချစ်လူခင်ပေါသူတစ်ယောက်ဖြစ်ပါတယ်။


အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေခေတ္တရပ်နားထားပြီး သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးတွေထွက်နေတာဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားသူဖြစ်ပြီး စိတ်ကားကောင်းမွန်သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို နုပျိုလန်းစားနေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေခေတ္တရပ်နားထားပင်မဲ့ ပရိသတ်တွေရဲ့ အားပေးမှုက လျော့ကျမသွားဘဲ အချစ်တွေပိုတိုးလို့နေတာဖြစ်ပါတယ်။


မင်းသမီးခင်လေးနွယ်က တစ်တိုင်းပြည်လုံးရှိ ချစ်ပရိသတ်ကြီးကို တစ်လေးတစ်စားဖြင့် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် အစဉ်အမြဲဖော်ပြပေးလျက်ရှိတာဖြစ်ပါတယ်။ ထို့ကြောင့် social media လောကတွင် နာမည်ကြီးလူကြိုက်များရုံသာမက အပြင်လောကမှာပါ ပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "တရုတ်မလေးကို ချစ်တယ်" Red Carpet Show ကိုတက်ရောက်ခဲ့တဲ့ သူမရဲ့အမှတ်တရ ပုံရိပ်လေးတွေကို "တရုတ်မလေး ချစ်လို့ လီဆူမလေးက ဝန်းရံခဲ့တာပါရှင့် ခ သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးလဲ အောင်မြင်မှုတွေ အများကြီး ရပါစေ" ဆိုတဲ့ ဆုတောင်း စကားလေးနဲ့အတူ သူမရဲ့ official facebook acc တွင်ဖော်ပြပေးထားတာကို Myanmarload ပရိသတ်ကြီး အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source Khin Lay Nwe



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။