" Midnight Thoughts" ဆိုတဲ့ သီချင်းAlbumခွေလေး နောက်ဆုံးထွက်ရှိထားပြီး သူမကိုယ်တိုင် အိမ်အရောက်ပို့ဝန်ဆောင်မှုလေးတွေနဲ့ သူမကို ချစ်တဲ့ ပရိသတ်တွေကို Suprise လုပ်ခဲ့သူလေး အဆိုတော်မယ်ရီကတော့ အွန်လိုင်းမီဒီယာကနေ "ဝဲ" သီချင်းတစ်ပုဒ်ထဲနဲ့ အောင်မြင်မှုရရှိခဲ့ပြီးလူသိများလာခဲ့တဲ့ အဆိုတော်မလေး တစ်ယောက်ဖြစ်ပါတယ်။အနုပညာအလုပ်တွေလုပ်ကိုင်နေသူလေးဖြစ်ပြီး အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးတွေရဲ့ ချစ်ခြင်းအားပေးခြင်း အထူးခံနေရသူလေးဖြစ်ပါတယ်။
ထူးခြားတဲ့ အသံပိုင်ရှင်လေး ဖြစ်တဲ့ မယ်ရီဟာ ဂျပန်နိုင်ငံမှာ နေထိုင်ကာ ကြီးပျင်းခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေလုပ်ကိုင်နေသူလေးဖြစ်ပြီး အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးတွေရဲ့ ချစ်ခြင်းအားပေးခြင်း အထူးခံနေရသူလေးဖြစ်ပါတယ်။ချစ်ဖို့ကောင်းတဲ့ အပြုံးလေးနဲ့ အတူ အရမ်းကို မိန်းကလေးဆန်ပြီး နွဲ့နှောင်းတဲ့ ဟန်ပန်အမူအရာ အပြင်အဆင်လေးတွေနဲ့သူမဟာ ကြင်နာစိတ်နှလုံးသားရှိပြီး ခွေးအရမ်းချစ်တတ်သူလေးဖြစ်ပါတယ်။
သူမမှာ Jazz ဆိုတဲ့ ချောကလက်ရောင် အမွှေးကောက်ကောက်လေးတွေနဲ့ ခွေးကလေးတစ်ကောင်ရှိပြီး ကလေးတစ်ယောက်လို သူမရဲ့ ခွေးလေးကို ချစ်ခင်သလို သူမကိုယ်တိုင်ကလည်း မိခင်စိတ်အပြည့်နဲ့ ခွေးလေးကို စောင့်ရှောက်မွေးမြူထားတာဖြစ်ပါတယ်။ သူမကိုယ်တိုင်က ခွေးလေးတွေကို အရမ်းချစ်တတ်တာမို့ " ခွေးလေးတွေကိုမချစ်ဘူးပြောရင် သိပ်စိတ်ဆိုးတယ်" လို့ မယ်ရီလေးက ဆိုလိုက်တာမို့ မယ်ရီလေးကို ချစ်ရင် ခွေးလေးတွေကိုလည်း ချစ်ရမယ်နော်... ပရိသတ်ကြီးရေ။
source:mary
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။