နိုင်ငံကျော် Beauty Bloggerတစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ သူမရဲ့ အလှအပဆိုင်ရာ အတွေ့အကြုံလေးတွေကို အွန်လိုင်းမီဒီယာထက်မှာ မျှဝေပေးကာ တဖြေးဖြေးလူသိများလာခဲ့ပြီး လက်ရှိမှာတော့ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဝင်ရောက်လာပြီဖြစ်ပါတယ်။
"ရန်သူ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ မင်းသမီးချော ရွှေကစ်နဲ့ အတူ အချစ် ပြိုင်ဘက်တွေအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို အထူးရရှိခဲ့တယ်လို့ဆိုရမှာပါ။ လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေ တကားပြီးတစ်ကား ခပ်သွက်သွက်ရိုက်ကူးလာသလို Beauty Bloggerတစ်ယောက် အနေနဲ့လည်း သူမရဲ့ ပထမဆုံး Brandဖြစ်တဲ့ Your Social Media BFF စာအုပ်လေးထွက်ရှိခဲ့ပြီး အောင်မြင်မှု ထပ်မံရရှိခဲ့တယ်လို ဆိုရမှာပါ။
မကြာသေးခင်ကမှ အသက်(၂၇)နှစ်ကို ပူပူနွေးနွေးလေးပြည့်ခဲ့ပြီ ဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ မွေးနေ့လေးကို မြတ်သော မွေးနေ့အလှူများစွာ အနေနဲ့ကော လူငယ်ပါတီပွဲအနေနဲ့ပါ ကျင်းပပြုလုပ်ခဲ့ပြီး သူမရဲ့ ချစ်လှစွာသော ချစ်သူ ကောင်လေးနဲ့ လက်ရှိမှာ ခရီးထွက်ဖြစ်နေတာဖြစ်ပါတယ်။ အင်းလေးမှာ ရက်အနည်းငယ်ကြာ အပန်းဖြေခဲ့ပြီးနောက် လက်ရှိမှာ တောင်ကြီးမြို့ကို ရောက်ရှိနေတာဖြစ်ပြီး တောင်ကြီးမြို့က ရွှေဘုန်းပွင့်ဘုရားကို ဝင်ဖူးရင်း အေးချမ်းနေတဲ့ သူမရဲ့ အပြုံးလေးတွေ မြင်တွေ့ရမှာပါ။ အေးချမ်းလှတဲ့ ဆောင်းအငွေ့အသက်နဲ့ အတူ ချယ်ရီပန်းတွေနဲ့ အပြိုင် လန်းဆန်းပွင့်ဖူးနေတဲ့ ချီရဲ့ အပြုံးကတော့ တကယ့်ကို အပျော်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။
source: Nay Chi oo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။