ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အနုပညာလောကမှာ ယောကျၤားလေး ပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာသိမ်းပိုက်ထားသူလေးပါပဲ..။
အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သူမကတော့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။



ခေးလေးကတော့ ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Honor Myanmar Showroon ရဲ့ တစ်နှစ်ပြည့် အခမ်းအနားပွဲကို မြင်နေကျ ပုံစံလေးနဲ့ ကွဲထွက်တဲ့ အမိုက်စားဖက်ရှင်ပုံရိပ်လေးတွေနဲ့ တက်ရောက်လာခဲ့ပါတယ်..။
လူငယ်ဆန်ဆန် အမိုက်စားဖက်ရှင်လေးနဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကတော့ သက်ရှိဘာဘီအရုပ်မလေးအလား ထင်မှားသွားရလောက်အောင် လှသွေးကြွယ်လွန်းနေတာ တွေ့ရပါတယ်..။



ရုတ်တရက် မမှတ်မိနိုင်လောက်အောင် လှသွေးကြွယ်လွန်းနေတဲ့ ခေးလေးကတော့ ကျော့ရှင်းဝင့်ကြွားစွာနဲ့ ယုံကြည်မှုရှိတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းလာပြီး ပရိသတ်တွေရဲ့ အမြင်တွေကို ဖမ်းစားထားလိုက်တာပါပဲနော်..။
အမိုက်စားဖက်ရှင်ပုံရိပ်လေးတွေနဲ့ ဘာဘီရုပ်မလေးလို လိုက်ဖက်ညီစွာ ချစ်စရာကောင်းနေတဲ့ ခေးခေးခင်ဝင့်ဝါရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo - ခင်ဝင့်ဝါ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။