Brooklyn Beckham ဟာတစ်ချိန်က Rita Ora ကိုတစ်ချိန်က လိုက်ခဲ့ဖူးတဲ့သူဖြစ်ပြီး ၂၀၁၇တုန်းက သူတို့နှစ်ယောက်ဟာ တိုးတိတ်စွာ အပျော်တွဲခဲ့ကြတယ်လို့ ဖော်ပြခံခဲ့ရပါတယ်။ အတွင်းလူတွေ ပြောပြချက်အရ Brooklyn ဟာ Rita ရဲ့ မိသားစုနဲ့သူငယ်ချင်းတွေကို Rita နဲ့ နီးစပ်ဖို့အတွက် အဆက်အသွယ်တွေလုပ်ခဲ့ပါတယ် လို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Rita က Just Friend လိုဖြစ်ရတာပျော်ရွှင်နေခဲ့ပြီး အမြဲတမ်းစာနာနေခဲ့ပါတယ်။ အဲ့လောက်တောင် အရူးအမူးဖြစ်ခဲ့တာပါလား Brooklyn ရယ်.....။

အတွင်းလူတွေပြောတာက " Brooklyn ကအမြဲတမ်းလိုလို Rita ကိုနှောင့်ယှက်ခဲ့ပြီး သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကြားကို ဝင်ကာ သူမကို ပိုင်ဆိုင်ရဖို့အတွက် ကြိုးစားခဲ့ပါတယ်....သူမကတော့ just friend လိုနေရတာကို ပောျ်ပြီး အထူးသဖြင့်စာနာက ခုချိန်မှာတော့ အိမ်နီးနားချင်းလိုဖြစ်နေပါပြီ..... " လို့ပြောခဲ့ပါတယ်။ Rita ရဲ့မိဘတွေဟာလဲ သဘောမတူခဲ့ကြပါဘူး။ Brooklyn ရဲ့အမေ Victoria Beckham ဟာလဲ ခုပုံစံကို သဘောမကျကြောင်း May 2017 မှာပြောခဲ့ပါတယ်။ 

Brooklyn နဲ့ Rita တို့ဟာ လအနည်းငယ်လောက်အချိန်တွေ အတူတူဖြတ်သန်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မိဘတွေရဲ့ ပြောဆိုမှုကြောင့်နှစ်ယောက်လုံး အဆက်ဖြတ်ခဲ့ရပါတယ်။ အဲ့အချိန်မှာတော့ Brooklyn ကအသက် ၁၈နှစ်ဖြစ်ပြီး Rita ကတော့ အသက်၂၆နှစ်ပဲဖြစ်ပါတယ်။ ခုချိန်မှာတော့ Brooklyn ဟာ model တစ်ယောက်ဖြစ်တဲ့ Hana Cross နဲ့ လူသိရှင်ကြားတွဲနေပါတယ်။ Brooklyn တွဲခဲ့တဲ့သူတွေကတော့ Alex Lee Aillon နဲ့ Abi Manzoni တို့ပဲဖြစ်ကာ You Tube အဆိုတော် Lexy နဲ့လဲ August လမှာ လမ်းခွဲခဲ့ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။