ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော နိုင်နိုင်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲက အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေကို ရရှိထားတဲ့ မင်းသားချောတစ်ဦးပါပဲ..။
သရုပ်ဆောင်ကောင်းမှုတွေအပြင် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဥပဓိရုပ်ရည်တွေအပြင် မိန်းကလေးတော်တော်များများ ကြွေဆင်းရလောက်တဲ့ အမိုက်စား Body ကိုလည်း ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအပေါ်မှာလည်း ချစ်ခင်နွေးထွေးမှုတွေကြောင့် လက်ရှိမှာလည်း အောင်မြင်မှုတွေ အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်..။


အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်ဇနီးချောလေးအပြင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း အားကျစရာကောင်းလောက်အောင် ပိုင်ဆိုင်ထားသူဆိုလည်း မမှားပါဘူး..။
လက်ရှိမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် နိုင်နိုင်းတစ်ယောက် မိသားစုလေးရှိရာ နယူးယောက်မြို့လေးကို ခေတ္တပြန်လည်ရောက်ရှိနေပြီး မိသားစုနဲ့အတူ ကြည်နူးစရာ နေ့ရက် အချိန်လေးတွေကို တန်ဖိုးရှိရှိ ဖြတ်သန်းနေပါတယ်နော်..။



အားလပ်ချိန်လေးတွေမှာ မိသားစုကို အချိန်အပြည့်ပေးပြီး စုံစုံညီညီ လျှောက်လည်နေတဲ့ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း နိုင်နိုင်းက ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး ပြန်လည်မျှဝေထားပါသေးတယ်..။
အေးချမ်းတဲ့ နယူးယောက်ရဲ့ နှင်းတွေကြားမှာ ပျော်ရွှင်စွာ လျှောက်လည်နေကြတဲ့ နိုင်နိုင်းတို့ မိသားစုလေးရဲ့ ကြည်နူးအားကျစရာစရာ ပုံရိပ်လေေးတွကိုလည်း ချစ်ပရိသတ်တွေ အလွမ်းပြေလေး မြင်တွေ့ရတဲ့ အတွက် ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။


Photo - နိုင်နိုင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။