ပရိသတ်အချစ်တော် မင်းသမီးလေးဖြစ်တဲ့ ခင်ဝင့်ဝါကတော့ တစ်ချိန်က မြန်မာနိုင်ငံရဲ့ Miss Supranational ကိုယ်စားပြု အလှမယ်ဟောင်းတစ်ယောက်ဖြစ်ပြီး အလှမယ်တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်သူပါ။ မျက်နာကျလေးက ဘာဘီဘိုမရုပ်လေးလို ချစ်ဖို့ကောင်းပြီး ကလေးဆန်လွန်းလို့ သူမကို သရုပ်ဆောင် မင်းသမီးအဖြစ် စတင်ဝင်ရောက်ချိန်မှာလည်း သရုပ်ဆောင်အရည်အချင်းမှာ မညံ့သူမို့ ပရိသတ်တွေ အခိုင်အမာအားပေးခဲ့ကြပါတယ်။


ခင်ဝင့်ဝါကိုယ်တိုင် အဓိကဇာတ်ဆောင်မင်းသမီးနေရာက သရုပ်ဆောင်ထားပြီး ဒီနှစ် 2018 အတွင်းမှာတော့ ရုံတင်ပြသခဲ့တဲ့ ခင်ဝင့်ဝါရဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကတော့ "တိမ်တိုက်တံတား" နဲ့ "ကိုယ်စောင့်နတ်"ရုပ်ရှင်ဇာတ်ကားကြီးတို့ ဖြစ်ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ သရုပ်ဆောင်မင်းသမီးကောင်းတစ်လက်အဖြစ် အကယ်ဒမီဆုရရှိဖို့ အခွင့်အရေးများလာပြီဖြစ်တဲ့ အချစ်တော်မင်းသမီးလေးလည်းဖြစ်ပါတယ်။


ကိုယ့်စောင့်နတ်ကတော့ စင်ကာပူနိုင်ငံရောက် မြန်မာပရိသတ်တွေ ကြည့်ရှူနိုင်အောင် ကြိုးစားနိုင်ခဲ့ပြီဖြစ်သလို လတ်တလောမှာ ခင်ဝင့်ဝါတစ်ယောက် ဆိုင်ဖွင့်ပွဲနဲ့ ဖက်ရှင်ပွဲလေးတွေကို တက်ရောက်အားပေးဖြစ်နေပါတယ်။ သူမဟာ ကလေးဆန်တဲ့ ပုံစံ၊ အဝတ်အစားအပြင်အဆင်လေးတွေနဲ့ သိပ်ကိုလိုက်ဖက်ပြီး လတ်တလောမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ဘာဘီရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းလွန်းတဲ့ လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ခင်ဝင့်ဝါလို့ တောင် မမှတ်နိုင်အောင် မျက်စိမှား သွားရပါတယ်။
source: Khin wint wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။