
Final တက်သင့်တဲ့သူတွေပဲတက်ခဲ့တာလား၊ နောက်ဆုံး Winner ဘယ်သူဖြစ်မှာလဲ။ ပိုးမီရဲ ့နူတ်ဆက်မှုကို မြင်ရတဲ့ လူမှုကွန်ယက်မှာ ဝေဖန်မှုကတော့ တော်တော်လေးပြင်ထန်းနေပါတယ်။ မဲရလဒ်ကို ပရိတ်သတ်တွေ ့မြင်အောင် တကယ်မချပြနိူင်သေးတဲ့လိုအပ်တဲ့ အစီအစဉ်ကြောင် ့ဒီပွဲဟာလုပ်ပွဲဆန်တဲ ့သီချင်းဆိုပြိုင်ပွဲလို့ပါသမုတ်ခြင်းခံနေရတဲ့ အထိဒီအစီအစဉ်ကို ရူတ်ချတဲ့သူတွေလည်းရှိနေပါတယ်။


သားငယ်
Season (2) ကို နောက်ဆုံးအဆင့်မှာ ပြိုင်မယ် ့သားငယ်ကိုတော့ ပရိတ်သတ်တွေ ဝေဖန်သံတွေကိုမကြားရပါဘူး။သူ ့ရဲ ့ပြိုင်ပွဲတလျှောက်ယှဉ်ပြိုင်မှုဟာ ဟာကွက် လိုအပ်ချက်တွေ တော်တော်လေးနည်းခဲ့ပါတယ်။Week တိုင်းမှာ သူ ့ရဲ ့တင်ဆက်မှုဟာ ပြိုင်ပွဲဝင်တွေ အားလုံးအကြားမှာ အမှားအယွင်းအနည်းဆုံးနှင် ့တင်ဆက်မှုအကောင်းဆုံး ဖြစ်နေခဲ့လို့ပါဘဲ။သူ ့ရဲ ့အားသာချက်ဖြစ်တဲ့ ခပ်ပြင်းပြင်းသီချင်းတွေကို အကောင်းဆုံးတင်ဆက်နိူင်သူဟာ ပရိတ်သတ်တွေရဲ ့ ရင်တွင်းသံကို အကောင်းဆုံးသိမ်းပိုက်နိူင်သူပါ။ဒါပေမယ့် မြန်မာပြည်ရဲ ့ထုံးတမ်းစဉ်လာအရ ပြိုင်ပွဲမှာ အစဉ်အလာအတိုင်းအောင်မြင်လာတဲ့သူက နောက်ဆုံးပွဲစဉ်ကြီးမှာ အမှားအယွင်းအကြီးကြီးနှင့်တိုးတတ်လို ့သူ ့ကိုလဲ အရမ်းဂရုစိုက်ရမယ် ့ပြိုင်ပွဲဝင်ပါ။ကဲ သူ ့ရဲ ့Final ပွဲကဘယ်လို ဖြစ်လာမလဲ။

ဘီလီလမင်းအေး
တတ်လိုက် ကျလိုက်နှင် ့မတည်မငြိမ်ယှဉ်ပြိုင်နေတဲ ့သူမဟာ စိတ်ဓါတ်ခိုင်မာလွန်းတဲ ့ပြိုင်ပွဲဝင်ပါ။ လူမှုကွန်ယက်Facebookက တိုက်ခိုက်သံတွေကို တည်တည်ငြိမ်ငြိမ်နဲ ့သူ ့ပြိုင်ပွဲဝင်အချိန်ကို အကောင်းဆုံးဖြတ်သန်းတဲ ့စိတ်ဓါတ်ပြင်းပြတဲ ့မိန်းကလေးတယောက်ပါ။ Pop သီချင်း နှင် ့Blues Songလို သီချင်းအေးအေးလေးတွေမှာ သူ့ရဲ ့အားသာချက်ကို ထုတ်ပြတတ်တဲ ့သူမရဲ ့ခံစားသက်ဝင်သီဆိုဟန်ကတော့ နားဆင်ခံစားရတဲ့သူတိုင်းနောက်တခေါက်ဆိုပြီး ထပ်တောင်းဆိုချင်ရလောက်အောင် ကောင်းမွန်လှပါတယ်။အဆုံးသတ် Note တွေ သိမ်းတဲ့နေရာမှ သေသပ်လှတဲ ့သူမရဲ့ အဆိုပညာပါးနပ်မူကိုတော် မချီးကျူးဘဲမနေနိူင်ပါဘူး။ တချက်တချက် အသံ Range အရမ်းကျယ်တဲ့နူန်းကို မထိန်းနိူင်တဲ ့သူမရဲ ့ပုံစံက တကယ်တော့ Final မှာ တကယ်စိုးရိမ်စရာပါ။ဂီတလောက အတွက် အလားအလာ ပြည့်ဝလှတဲ ့သူမကရော Winner ဖြစ်သင့်လား။
Source : MODA
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။