သရုပ်ဆောင် မင်းမော်ကွန်း၊ ထွန်းထွန်း၊ မင်းသွေး၊ စည်ဖြိုးတို့ လေးယောက် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "လေးပါးကျော့ရှိန် ဝရဇိန်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ သူတို့လေးယောက်ကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ထူးထူးခြားခြားမြင်တွေ့ရမှာဖြစ်ပြီး အရမ်းကို စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။
ဒီဇာတ်ကားကြီးကိုတော့ ဒါရိုက်တာအဖြစ် သားညီကစီစဉ်ရိုက်ကူးပြီး သရုပ်ဆောင်တွေအဖြစ် မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး၊ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်၊ သားညီ၊ ညီညီမင်းထက်၊ ဦးဝင်းမြိုင်နဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကြီးက ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးရဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သလို ပရိသတ်တွေကိုလည်း ပြန်လည်သတိရစေမှာ ဖြစ်ပါတယ်။
အခုလည်း မကြာခင်မှာရုံတင်တော့မယ့် "လေးပါးကျော့ရှိန် ဝရဇိန်"ဇာတ်ကားကြီးရဲ့ Teaser ဗီဒီယိုဖိုင်လေးက အသစ်ထွက်ရှိလာတာ တွေ့ရပါတယ်။ ပရိသတ်တွေ မြင်နေကျပုံစံနဲ့ မတူတဲ့ ဘဝတွေနဲ့မြင်တွေ့ရမယ့် "ေ၀ဝါး ၊ ကြက်ဖ ၊ ဆံရှည် ၊ ပွဲစား " ဆိုတဲ့မင်းသားလေးယောက်ကတော့ Teaser နဲ့ အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "လေးပါးကျော့ရှိန် ဝရဇိန်"ဇာတ်ကားကြီးရဲ့ Teaser ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:လေးပါးကျော့ရှိန် ဝရဇိန်;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။