အဆိုတော်အိုင်ရင်းဇင်မာမြင့်တစ်ယောက် တာချီလိတ်မြို့မှာသွားရောက်ဖျော်ဖြေနေစဉ်မှာပဲ ဗိုက်အရမ်းနာလွန်းခဲ့တာကြောင့် သူမရဲ့အဖွဲ့သားတွေက ဆေးခန်းလိုက်ပြပေးခဲ့ကြပါတယ်။ ကုတင်ပေါ်က သူမရဲ့ပုံစံလေးက တော်တော်လေးနွမ်းနယ်နေတဲ့ပုံလေးပါပဲ။ ပရိသတ်တွေကိုဖျော်ဖြေချင်တဲ့ စိတ်များနေပြီး ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်မိတဲ့အနေအထားတစ်ခုကိုပဲ ရောက်ခဲ့သလားအိုင်ရင်းရေ။ သူမရဲ့အဖွဲ့သားတွေကတော့ ဘေးကနေ ပရိသတ်တွေအများကြီးအားပေးဖို့စောင့်နေကြောင်း အားပေးစကားပြောခဲ့ပါသေးတယ်။
Melody World မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းခဲ့တာကြာခဲ့ပြီဖြစ်ပြီး သီချင်းခွေတွေလည်းထွက်ရှိခဲ့ပါသေးတယ်။ သူမနောက်ဆုံးထွက်ရှိခဲ့တဲ့ " MAR " Album ဟာလည်း အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့ပါသေးတယ်။ တကယ့်ကိုအမိုက်စားသံစဉ်တွေကြားမှာ ပရိသတ်တွေအားလုံးစီးမောျသွားခဲ့ရပါတယ်။
သူမရဲ့ကျန်းမရေးအခြေအနေနဲ့ပက်သက်ပြီး " သီချင်းဆိုနေရင်း ဗိုက်အရမ်းနာလွန်းလွန်းလို့ ဆေးခန်းလိုက်ပြ ဂရုတစိုက်နဲ့ ပွင့်လင်းရိုးသားပီး ကူညီတက်တဲ့ တာချီလိတ်က ချစ်မမများနဲ့ဆရာကျေးဇူးကမ္ဘာပါရှင် " ဆိုပြီး ပရိသတ်တွေကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ စိတ်မပူနဲ့တော့နော် အခုတော့ သက်သာနေပါပြီလို့။
Photo - Irene Zin Mar Myint
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။