ဒီကိစ္စကတော့ သိပ်မကြာသေးဘူး။ဒီ ၂၀၁၇ ခုနှစ်ထဲမှာတင် ဖြစ်ခဲ့တာပါဗျ။ ဖိလစ်ပိုင်နိုင်ငံ က အရှေ့ Mindoroပြည်နယ်က ကမ်းခြေမှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီသတ္တဝါကြီးရဲ့ အရှည်ဟာ ပေပေါင်း ၂၀ကျော်လောက်ကို ရှည်လျားပါတယ်။ ဒါကိုတော့ ကမ်းခြေအနီးက ရွာသားတွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီသတ္တဝါအသေကောင်ကြီးဟာ လှိုင်းလုံးကြီးတွေနဲ့ အတူပါလာတယ်လို့ယူဆရပါတယ်။ ဘာလို့လည်း ဆိုတော့ နဂါးအမျိုးနွယ်ဝင်ဖြစ်တဲ့ ဒီGlobster သတ္တဝါကြီးတွေဟာ ပင်လယ်ရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာမှာ ပဲ နေထိုင်ကြတယ်လို့ ဒဏ္ဍာရီတော်တော်များများကဆိုကြလို့ပါပဲ။

ဒီလိုသတ္တဝါကြီးပေါ်လာခဲ့တာကို အဆိုပါ ကမ်းခြေအနီးမှာရှိတဲ့ အစွဲအလမ်းကြီးတဲ့ရွာသားတွေကတော့ မကောင်းတဲ့ လက္ခဏာလို့ဆိုကြပါတယ်။ အချို့ကတော့ ထူးဆန်းလွန်းလို့ မှတ်တမ်းတင်တဲ့သူတွေကတင် အနားသွားလေ့လာတဲ့သူကလေ့လာနဲ့ ပြုလုပ်ခဲ့ကြပြီး အချို့ကတော့ ရှေးရိုးစွဲကြလွန်းတော့ သဘာဝဘေးအန္တရာယ်တွေမဖြစ်ကြအောင်တောင် ဆုတောင်းပွဲလေးတွေတောင်ပြုလုပ်ကြပါသေးသတဲ့ဗျာ။ တကယ်လည်း သူတို့စိုးရိမ်တာမလွန်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီရက်ပိုင်းမှာပဲ နိုင်ငံပိုင်အရေးပေါ်ထုတ်ပြန်ကြေငြာချက်တွေအရ ငလျင်တစ်ခုကလည်း ဒီအရှေ့Mindoroနားတစ်ဝိုက်ကို ဦးတည် လှုတ်ခတ်လိမ့်မယ်လို့သတိပေးချက်တွေထွက်ရှိထားခဲ့တာကိုး။

ဒီသတ္တဝါကြီးကတော့ နဂါးဖြူကြီးတစ်ကောင် လဲလျောင်းနဲ့အရမ်းတူပြီးတော့ အကြေးခွံတွေမပါဘဲ ခန္တာကိုယ်တစ်ခုလုံးအမွှေးရှည်ကြီးတွေအပြည့်ဖုံးလွှမ်းထားပါတယ်။ သိပ္ပံပညာရှင်တွေ နဲ့ Globserသုတေသီတွေတောင် ဒါက ဘာသတ္တဝါကြီးလဲဆိုတာကို တိတိကျကျအဖြေမပေးနိုင်ခဲ့တဲ့ ၂၀၁၈ရဲ့ အထူးဆန်းဆုံး သတ္တဝါတစ်ကောင်လို့ ပဲဆိုရပါမယ်။ ဒါပေမယ့် နဂါးမျိုးစိတ်ဆိုတာတော့ သေချာသလောက်ပါပဲနော်။ နဂါးရှိတာကိုမယုံကြည်ကြတဲ့ သူတွေအတွက်ဒါကအကောင်းဆုံးသက်သေပါပဲ။ အသေးစိတ်ကိုတော့ ပေးထားတဲ့sourceနဲ့ Youtubeမှာ ကိုယ်တိုင်ရှာပြီးလေ့လာနိုင်ပါတယ်ပရိတ်သတ်ကြီးရေ...။ 

Source : News Need News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။