မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အခုဆိုရင် အိမ်ထောင်ရှင်မလေးအဖြစ် ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ အဆိုတော် ရွှေထူးနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ ရွှေမှုန်က သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ကြင်စဦးဇနီးမောင်နှံဘဝလေးမှာ ပျော်ရွှင်လို့နေပါတယ်။ ခင်ပွန်းနဲ့အတူ ဥရောပဘက်ကို ဟန်းနီးမွန်းခရီးနှင်ပြီးတဲ့နောက်မှာတော့ ရွှေမှုန်က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

မင်းသမီးလေး ရွှေမှုန်ရတီကတော့ ချစ်ရတဲ့ ခင်ပွန်းသည် ရွှေထူးအပေါ် အမြဲလိုလို ကလေးဆိုးလေးဆိုးနေတတ်သူလေးလည်း ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက အမြဲစိတ်ကောက်နေတတ်တဲ့ ရွှေမှုန်လေးကို အခုဇနီးမောင်နှံဘဝအထိတိုင်အောင် ရွှေထူးက အစဉ်အလာမပျက် ချော့နေဆဲပဲ ဖြစ်ပါတယ်။ ဝေဖန်မှု အခက်အခဲတွေကြားက တွဲလက်မဖြုတ်ဘဲ သတ္တိရှိရှိ ရင်ဆိုင်ပြီး တစ်ယောက်ပေါ်တစ်ယောက် အရမ်းချစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ နေရွှေသွေးအောင်ရဲ့ Hero Cover Version ရိုက်ကူးခဲ့စဉ်က ပုဂံရိုက်ကွင်းပေါ်က ရွေရွှေ ဇနီးမောင်နှံနဲ့အတူရှိခဲ့တဲ့ အမှတ်တရပုံလေးတွေကို နေရွှေသွေးအောင်ရဲ့ ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ရွှေသုံးရွှေရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Nay Shwe Thway Aung & Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။