ပရိတ်သတ်ကြီးရေ... မကြာခင်ကမှ အဆုံးသတ်သွားခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ တစ်ခုလည်းဖြစ်တဲ့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲလေးကို ပရိတ်သတ်ကြီးသိမှာပါ။ အဲ့ဒီထဲမှာ အစောဆိုတဲ့ ပုဂံသူလေးနေရာကသရုပ်ဆောင်ထားတဲ့ ပရိတ်သတ်တွေရဲ့အသည်းကျော် မေမြင့်မိုရ်ဟာ အခုနောက်ပိုင်းမှာ အနုပညာခြေလှမ်းလေးတွေခပ်စိပ်စိပ်လှမ်းပြီး ပရိတ်သတ်ရင်ထဲကိုတိုးဝင်လာနေခဲ့ပါတယ်နော်။
ရေဝတီ လေး နန်းအဖြစ်နဲ့လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ မေမြင့့်မိုရ်ဟာ နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ ပရိတ်သတ်တွေကိုအကောင်းဆုံးကြိုးစားမှုတွေကိုချပြထားခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။အရမ်းလည်းချစ်ဖို့ကောင်းပြီး သရုပ်ဆောင်လည်းကောင်းတဲ့ မေမြင့်မိုရ်ကို အခိုင်အမာအားပေးနေကြတဲ့ ပရိတ်သတ်တွေကလည်း တပုံကြီးပါပဲနော်။
အခုလည်း မတူညီတဲ့ ရသတွေ သရုပ်ဆောင်ချက်တွေကို ပရိတ်သတ်တွေရှေ့အကောင်းဆုံးချပြနိုင်အောင်ကြိုးစားနေတဲ့ မေမြင့်မိုရ်ကို နာမည်ကြီး စီနီယာ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး ထွန်းထွန်းတို့နဲ့အတူ ရိုက်ကွင်းထဲမှာတွေ့ခဲ့ရပါတယ်။ကဲ... သူမကတော့ ပရိတ်သတ်တွေကို အသစ် အသစ်တွေချပြဖို့ကြိုးစားနေပါပြီနော်။ အခုတော့ သူမတို့ရဲ့ ရိုက်ကွင်းထဲကပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။
Source : May Myint Mo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။