ချစ်ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည့်သူ့အသည်းကျော် ဆယ်လီစုံတွဲလေးကတော့ အဆိုတော် G-Fatt နဲ့ နန်းဆုကတီစိုးတို့ စုံတွဲလေးပါပဲ..။
ဒီကနေ့ ဒီဇင်ဘာ(၃၁)ရက်နေ့လေးကတော့ အဆိုတော် G-Fatt ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး နန်းဆုလေးကလည်း မွေးနေ့ဆုတောင်းစကားပြောပေးထားတာ တွေ့ရပါတယ်..။
နတ်ဖက်တဲ့ စုံတွဲလေးလို့ တင်စားရလောက်အောင် လိုက်ဖက်ညီကြတဲ့ သူတို့ ချစ်သူစုံတွဲလေးကတော့ အမြဲရိုမန်တစ်ဆန်တဲ့ စုံတွဲပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးတွေပါနော်..။
ယနေ့မှ ကျရောက်လာတဲ့ ချစ်သူ G-Fatt အတွက် မွေးနေ့ဆုတောင်းစကားလေးကိုလည်း နန်းဆုက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ရိုမန်တစ်ဆန်ဆန်နဲ့ ချစ်စရာကောင်းလောက်အောင် ဆုတောင်းပေးထားတာလေးကလည်း တကယ်ကို အသည်းယားစရာလေးပါပဲ..။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ ချမ်းမြေ့ပါစေ
အသက်တစ်နှစ်ပြီး တစ်နှစ် တိုးနေသလို အောင်မြင်မှုတွေ ပိုတိုးပါစေ
ပျော်ရွှင်မှုတွေ အချစ်တွေ မေတ္တာတွေလည်း ပိုတိုးလာပါစေ ..
ဒီနှစ်တွေမှာ ဘေးနားမှာအတူနေပေးပြီး ကောင်းတိုင်ပင်ဆိုးတိုင်ပင် အခက်အခဲများကို အတူတူဖြတ်ကျော်ပြီး ကူညီပေးခဲ့တာတွေ သင်ပေးခဲ့တာတွေ ဂရုစိုက်ပေးခဲ့တာတွေ စိတ်ညစ်ဝမ်းနည်းရချိန်မှာလည်း အတူတူမျှဝေခံစားပေးပြီး ပျော်ရွှင်စရာတွေ အတူတူကူဖန်တီးပေးခဲ့အတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲဝမ်းသာကျေးဇူးတင်ပါတယ် .. လာမယ့်နှစ်သစ်တွေ နှစ်သစ်တွေမှာ ပိုတိုးလာမယ်လို့လည်း ယုံကြည်ပါတယ်
နှစ်သစ်ကူးအပြောင်းမှာမွေးလို့ အပြောင်းအလဲမများပဲ ပိုဆန်းသစ်သော အချစ်တွေနဲ့သာအမြဲပြည့်စုံနေပါစေ
Happy Birthday.." ဆိုပြီး အားကျလောက်အောင် ရိုမန်တစ်ဆန်ဆန်လေး ဆုတောင်းပေးထားတာပါနော်..။
ချစ်ပရိသတ်တွေကလည်း ယနေ့ Birthday Boy လေး G-Fatt အတွက် နန်းဆုလေးနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။
Photo - နန်းဆု
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။