ကောင်းမြတ်စံဟာ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ " The Sign Of Love " ဇာတ်လမ်းမှတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုတခဲနက်ရရှိထားတဲ့ မင်းသားလေးတစ်လက်ပါ။ သူရဲ ပါးချိုင့်လေးတွေ အပြုံးချိူချိုလေးတွေက ပရိတ်သတ်တွေကို စွဲဆောင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာတွေရိုက်ကူးနေပြီး ဇာတ်ကားတွေလည်းဆက်တိုက်ပါဝင် သရုပ်ဆောင်ရိုက်ကူးနေတာ တွေ့ရပါတယ်။
သူဟာ ချစ်သူ ၊ ရည်းစားတောင်မထားပဲ သူချစ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်ကားတွေကို ကြိုးစားပမ်းစားရိုက်ကူးနေတယ်လို့လည်းပြောကြားထားပါသေးတယ်။ လက်ရှိမှာတော့ " နှလုံးသားနှင့်အနီးဆုံး " ဇာတ်လမ်းတွင် ကောင်းမြတ်သူအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်မှာလည်းပီပြင်သလို ချစ်စဖွယ်ကောင်းတဲ့အမူအရာလေးတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကိုဖမ်းစားထားနိုင်သူလေးပါ။
ယနေ့မနက်ကလည်း ၂၀၁၉ ခုနှစ်ရဲ့ပွဲဦးထွက် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ " ပျောက်ဆုံးနေသော အမှန်တရား " အတွက် ကန်တော့ပွဲပေးတက်ရောက်လာပုံများကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်တွင် ဝေမျှထားပါတယ်။ ပါးချိုင့်လေးတွေနဲ့ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသားလေး ကောင်းမြတ်စံရဲ့တည်ကြည်ခန့်ညားတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Photo - Kaung Myat San
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။