နှင်းဝတ်ရည်သောင်း အေးဝတ်ရည်သောင်း ဆွိဝတ်ရည်သောင်းဆိုတဲ့ ညီအမသုံးယောက်ကတော့ တစ်ခေတ်မှာ ပရိတ်သတ်တွေကြားရေပန်းစားခဲ့တဲ့ ညီအမသုံးယောက်ဖြစ်ပါတယ်။ညီအမသုံးယောက်စလုံးက အနုပညာအလုပ်တွေကို တက်ညီလက်ညီလုပ်ခဲ့ကြပြီး ဆံပင်အရှည်ယဉ်စစ ဒီဇိုင်းလေးတွေနဲ့ မျက်နှာလေးတွေကလည်း ဆင်ကြလို့ ချစ်စမွှေးပါသူလေးတွေဖြစ်ပါတယ်။ 

နောက်ပိုင်းမှာတော့ နှင်းဝတ်ရည်သောင်းက နိုင်ငံခြားကို ထွက်သွားခဲ့ပြီး စီးပွားရေးကိုသာလုပ်ကိုင်ခဲ့ပါတယ်။ညီအမသုံးယောက်လုံး အနုပညာအလုပ်တွေကို ခဏရပ်နားထားခဲ့ပြီး အခုချိန်မှာတော့ အေးဝတ်ရည်သောင်းကလည်း အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး အေးသောင်းတစ်ခေတ်ဖြစ်နေပါတယ်။အငယ်ဆုံးလေး ဆွိဝတ်ရည်သောင်းကတော့ သီချင်းအသစ်တွေကိုဖန်တီးပြီး မကြီးဖြစ်သူ နှင်းသောင်းကတော့ အနုပညာအလုပ်တွေကို ရပ်နားထားပါတယ်။ 

အခုဆိုရင် နှင်းသောင်းလည်း မြန်မာပြည်ကို ပြန်ရောက်နေပြီး လေဆိပ်ကို ညီမလေးအေးသောင်းကသွားရောက်ကြိုဆိုခဲ့ပါတယ်။မကြီးနဲ့တွေ့ရလို့ ပျော်နေကြတဲ့ ညီအမသုံးယောက်ကတော့ ရန်ကုန်မြို့ရဲ့ နေရာအစုံကို သွားရောက်လည်ပတ်ကာ ညီအမသုံးယောက်လုံး ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်များကို ပရိတ်သတ်ကြီးအတွက် လူမှု့ကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

Source:Sweetwutt Yi Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။