MRTV-4 မှာ ထုတ်လွင့်ပြသလျက်ရှိတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးကတော့ ဒီကနေ့မှာပဲ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးကို ကြည့်ရူအားပေးခဲ့တဲ့ ပရိသတ်တွေလည်း ကျေနပ်မယ်ထင်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ အဓိက သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဲတဲ့ အစောလို့ ပရိသတ်တွေသိကြတဲ့ မေမြင့်မိုရ်ကတော့ ပရိသတ် အခိုင်အမာနဲ့ လက်ရှိအချိန်မှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဇာတ်သိမ်းမကောင်းခဲ့တဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးရဲ့ ကြေကွဲ စကာဇာတ်သိမ်းပိုင်းလေးရဲ့ ပုံရိပ်အချို့ကို မေမြင့်မိုရ်က ပြန်လည်တင်ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက်မှာ ရိုက်ခဲ့ဲ့တဲ့ ပုဂံမြို့ရဲ့ အလှအပ ပုံရိပ်တွေကို အမြဲတင်ပေးနေကြဖြစ်ပြီး ယခုနောက်ဆုံး ပိုင်းလေးမှာလည်း ပရိသတ်တွေကို ကြေကွဲစရာ ပုံရိပ်လေးတွေနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဖြစ်တဲ့ မင်းသားဒေါင်းကလည်း ဇာတ်လမ်းတစ်ခုလုံး သရုပ်ဆောင်ပီပြင်စွာနဲ့ ပရိသတ်တွေကိုဆွဲဆောင်သွားနိုင်ခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ... မေမြင့်မိုရ်နဲ့ ဒေါင်းတို့ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်း ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source: May Myint Moe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။