အေးမြတ်သူကတော့ ပရိတ်သတ်တွေ သိကြတဲ့ အတိုင်း အပြုံးအရမ်းလှတဲ့ ပါးချိုင့်လေးနဲ့ မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာလောကကို ဝင်ရောက်လာတာကြာနေပြီး ဝါရင့် အနုပညာရှင်တစ်ယောက်လို ဟန်ပန်အမူရာတွေ အပြည့်ရှိနေပြီဖြစ်လို့ အိုင်တင်တွေကတော့ ကြည့်နေတဲ့ ပရိတ်သတ်တွေ မှင်သက်သွားလောက်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။


အေးမြတ်သူက အပျိုကြီး စာရင်းဝင်နေပြီး အပျိုကြီး ဆိုတဲ့ ဂုဏ်ကို ထိန်းသိမ်းထားကာ အခုချိန်ထိ လှလှပပကြွကြွရွရွနဲ့ ပုရိသတွေရဲ့ အသည်းကို ဖမ်းဆွဲထားနိုင်တဲ့ အပျိုကြီးမမ တစ်ယောက်ပါ။အနုပညာအလုပ်တွေကိုလည်း ယခုချိန်ထိ တစ်စိုက်မတ်မတ် ကြိုးစားလုပ်ကိုင်နေလို့ ပရိတ်သတ်တွေရဲ့ အားပေးမှု့ကလည်း မလျော့သွားပါဘူးနော်။အေးမြတ်သူက ပရိတ်သတ်ရဲ့ဆုံးမတဲ့စကားတွေကို နားထောင်တဲ့သူဖြစ်လို့ ပရိတ်သတ်တွေကလည်း အေးမြတ်သူမှအေးမြတ်သူ ဖြစ်နေပါပြီ။


အေးမြတ်သူကတော့ အစားအစာတွေကိုပဲ နှစ်သစ်သူတစ်ယောက်မို့ "သွားချင်ရာသွားပြီး...စားချင်ရာတွေစားနေရတဲ့ ဘဝကြီး ကို ထားပြီးအိမ်ထောင်ပြုဖို့ မတိုက်တွန်းကြပါနဲ့ဦးနော်အလျင်မလိုသေးဘူး ရှင့်"ဆိုပြီး အိမ်ထောင်မပြုချင်သေးဘဲ သူမကြိုက်တဲ့ အစားတွေနဲ့သာ အဖော်ပြုပြီး လည်နေပတ်နေမှာ ဖြစ်ကြောင်းကို သူမက ပရိတ်သတ်ကြီးကို ပြောပြထားပါတယ်။အေးမြတ်သူကိုလည်းဒီတိုင်းလေးပဲမြင်ချင်နေသေးတဲ့ ပရိတ်သတ်ကြီးတွေ ရှိပါတယ်။


Source:Myat Lay ML
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။