ပရိသတ်တွေကြားမှာ လတ်တလော စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ ဇာတ်ကားကြီးကတော့ '' လိပ်ပြာစံအိမ် '' ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ် ။ တစ်မူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇာတ်ကားကြီးက မြန်မာနိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံး ဇာတ်ကားကြီးတစ်ကားဖြစ်လာမယ်လို့ အားလုံးကမှတ်ချက်ပေးခြင်းခံနေရတာလည်း ဖြစ်ပါတယ် ။ ဒီဇာတ်ကားကြီးကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် ၊ နှစ်ဦးပိုင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ် ။
ဒီဇာတ်ကားထဲမှာတော့ နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ တက်သစ်စ ကလေးသရုပ်ဆောင်လေးတွေက အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီဇာတ်ကားကြီးက ခဏတာ ကြောက်ရွံထိတ်လန့်မှုမျိုးမဟုတ်ဘဲ တစိမ့်စိမ့်ခြောက်ခြားမှုတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ဇာတ်ရှိန်ကို အမြင့်ဆုံးရောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ဒီဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းကိုတော့ တေးသံရှင် ခင်ပိုးပန်းချီက သီဆိုပေးထားတာ ဖြစ်ပါတယ်။
သာယာနာပျော်ဖွယ်ကောင်းတဲ့ အဆိုတော်မလေး ခင်ပိုးပန်းချီရဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ ဇာတ်ဝင်တေးလေးကတော့ နားဆင်သူတိုင်းရင်ကို ထိမှန်စေခဲ့ပါတယ်။ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ ဖန်တီးထားတဲ့ ဒီသီချင်းဗီဒီယိုလေးကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။ အခုလည်း ဇာတ်ဝင်တေး ဗီဒီယိုလေးကို ပရိသတ်တွေ နားဆင်ခံစားနိုင်စေဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: လိပ်ပြာစံအိမ်;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။