လာမယ့် 2019 ဖေဖော်ဝါရီလမှာ ရုံတင်ပြသတော့မယ့် " လိပ်ပြာစံအိမ် " ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစား နေတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထိုင်းလူမျိုးဒါရိုက်တာတစ်ဦးရိုက်ကူးပြီး အမိုက်စား အကြမ်းစားနဲ့ ပရိသတ်တွေ စိတ်ဝင်စားမယ့် သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းတွေလည်းပါဝင်ပါတယ်။ ဒီဇာတ်ကားမှာ နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်တို့အပြင် ကလေးသရုပ်ဆောင်အဖြစ် ပြည့်ပြည့် နဲ့ တုန်တုန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ 

ဒီဇာတ်ကားရဲ့ထူးခြားချက်က 19 ရာစုလောက်က စတင်ခဲ့တဲ့ အလေ့အထတစ်ခုဖြစ်တဲ့ သေဆုံးပြီးသူတွေနဲ့အတူ အမှတ်တရဓာတ်ပုံပြန်လည် ရိုက်ကူးကြတဲ့အခါ သေဆုံးမှန်းမသိသာအောင် မျက်လုံးကိုဖွင့်လျက်ပုံစံ ဆေးခြယ်ကြတဲ့ ဓလေ့ကို Inspiration ယူပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီလိုဆေးခြယ်ပြီး ရိုက်ကူးထားတဲ့ ပုံရိပ်တစ်ခုကို ပရိသတ်တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ ရန်ကုန်ကရှေးဟောင်းပစ္စည်းဆိုင်တချို့မှာ Glass Plate Camera တွေရှာလို့ရသေးတယ်ဆိုကတည်းက အနောက်နိုင်ငံမှာပဲရှိတဲ့ ဒီဓလေ့က ကိုလိုနီခေတ်အချိန်ကာလမှာ မြန်မာနိုင်ငံကိုကူးစက်လာပုံပါပဲ။ ဒီလိုဓာတ်ပုံရိုက်ယူခြင်းကို post _ mortem photography (သေသူကို photo ရိုက်ယူထားခြင်း) လို့ ခေါ်ကြပါတယ်။

19 ရာစုလောက်တုန်းက ဓာတ်ပုံဆရာရှားပါးခဲ့တာကြောင့် သေဆုံးသူတွေရဲ့မိသားစုဝင်တွေဟာ အလောင်းပုပ်ပြီးမှ ရိုက်ရတဲ့အခြေအနေတစ်ခုတောင်ရှိခဲ့ကြပါတယ်။ ဒီဇာတ်ကားဟာ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝဖော်ကျူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နတ်ကတော်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူဟာလည်း ဒီဇာတ်ကားရိုက်အပြီးမှာတော့ နှလုံးရပ်ပြီးသေဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တွေပြည့်နှက်နေတဲ့ ဒီဇာတ်ကားလေးကို ရုံတင်တာနဲ့ အပြတ်အသတ်အားပေးလိုက်ရအောင်နော်။

Photo - လိပ်ပြာစံအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။