"ဆောင်းဦး ရွက်ကြွေ ချစ်သက်သေ" ဒရမ်မာဇာတ်လမ်းတွဲကနေ အွန်စော လို့ ပရိသတ်တွေ သိများပြီး နာမည်ကြီးလာခဲ့တဲ့ မင်သမီးချော ဆောင်းဟေဂျိုကတော့ လက်ရှိ အသက်(၃၇) နှစ် ရှိပြီး နောက်(၃) နှစ်နေရင်တော့ သူမ အသက်(၄၀) နှစ် ပြည့်တော့မှာပါ။ သူမ အသက်(၃၆) နှစ်မှာပဲ " Descendants of the Sun (2016)" ရုပ်သံဇာတ်လမ်းတွဲမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီ နဲ့ အတူ သရုပ်ဆောင်ရင်း ချစ်ကြိုက်ကာ 2017ခုနှစ်မှာပဲ လက်ထပ်ခဲ့ကြပါတယ်။

လက်ထပ်ပြီး တစ်နှစ်လောက်ထိ သူမ အနေနဲ့ ဒရမ်မာဇာတ်လမ်းတွေ ရိုက်ကူးရေး နားထားခဲ့သလို 2018 အကုန်ပိုင်းလောက်မှာ မင်းသား ပတ်ဘိုဂမ် နဲ့ အချစ်ရိုမန့်တစ်ဇာတ်လမ်း လေး တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ “Encounter,” ခေါ် "BoyFriend" ဆိုတဲ့ အချစ်ဒရမ်မာ ဇာတ်လမ်းလေးဖြစ်ပြီး နိုဝင်ဘာလ(၂၈) ရက်နေ့ က စတင်ထုတ်လွှင့်ခဲ့သလို လက်ရှိ မှာ လူကြည့်ရှူ နှုန်း များပေမဲ့ မင်းသားနဲ့ မင်းသမီး အသက်ကွာခြားမှုဟာ (၁၂) နှစ် ဝန်းကျင် မှာ ရှိတာမို့ ဝေဖန်သံ တချို့ ထွက်ပေါ်ခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး ဖြစ်သလို ခွဲစိတ်ပြုပြင်ထားခြင်း လုံး၀ မရှိတဲ့ သဘာ၀ အလှတရားကို ပိုင်ဆိုင်တဲ့ မင်းသမီးဆောင်းဟေဂျို ဟာ သူမရဲ့ ဘုရားကပေးတဲ့ ဆုလာဘ် တစ်ခုလို နုပျိုမှုနဲ့ အတူ လှပလွန်းလို့ မင်းသား ပတ်ဘိုဂမ် ထက် (၁၂) နှစ်ကြီးတာတောင် မတိမ်းမယိမ်း ရွယ်တူတွေလို့ ထင်မှတ်မှား ရပါတယ်။ အသက်(၃၇) နှစ် အရွယ် အိမ်ထောင်သည်အမျိုးသမီးလို့ ယုံနိုင်စရာ ရှိလောက်အောင် မရှိလောက်အောင် နုပျိုလှပလွန်းတဲ့အလှနဲ့ အတူ "Encounter" ဇာတ်ဝင်ခန်း ကာရိုက်တာ အပြင်အဆင်နဲ့ လတ်တလော ရေပန်းစားနေသော သူမရဲ့ ပုံရိပ်တချို့ကို ပြန်လည် ဖော်ပြလိုက်ရပါတယ်။

source: https://www.allkpop.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။