နာမည်ကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်တစ်ယောက် အမြဲလိုလို အလန်းစား Tik Tok လေးတွေဆော့တတ်ပြီး ပရိသတ်တွေကို ဖျော်ဖြေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အမဖြစ်သူ ချောရတနာနဲ့အတူ အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ချောရတနာတစ်ယောက်ကတော့ မိသားစုဘဝလေးနဲ့ တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေပြီဖြစ်ပြီး သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားနေတာပဲဖြစ်ပါတယ်။


ချစ်သူဖြစ်တဲ့ ကောင်းပြည့်နဲ့လည်း ချစ်သက်တမ်းဟာ 6နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ယုံကြည်မှု အချစ်တွေနဲ့ ခိုင်ခိုင်မာမာတည်ဆောက်ထားကြတဲ့ Relationship လေးဟာ ပရိသတ်တော်တော်များများအားကျနေကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်သားက လျှောက်လှမ်းနေတဲ့လမ်းကြောင်းချင်းလည်းတူပြီး ရည်ရွယ်ချက်ချင်းလည်းတူတာမို့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်မှုရှိရှိနဲ့ ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်။


သူမရဲ့အလန်းစား Tik Tok လေးကို Instagram My Day မှာ တင်ထားတာဖြစ်ပြီး အရမ်းကိုလန်းတဲ့ပုံစံတစ်ခုနဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ မင်းသမီးလို့မပြောရဘူး အရမ်းကိုမိမိုက်နေတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အလန်းစား Tik Tok ကတော့ တကယ့်ကိုရင်ခုန်ချင်စရာပဲမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။
Photo - Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။