လက်ရှိရောင်းချနေတဲ့ စမတ်နာရီများထဲမှာ SIM Card ထည့်သွင်း၍ ဖုန်းပြောနိုင်တဲ့ အမျိုးအစားဟာရှားပါးနေပါသေးတယ်။ စမတ်ဖုန်းနဲ့ စမတ်နာရီကိုချိတ်ဆက်ထားမှသာစမတ်နာရီကနေဖုန်းပြောနိုင်ပါတယ်။ Shell အမည်ရကိရိယာကတော့ စမတ်နာရီလိုရောဖုန်းလိုပါ သုံးနိုင်ပါ တယ်။ သူ့မှာ SIM Card ထည့်သွင်းနိုင်တဲ့အတွက် သူ့ကို ဝတ်ဆင်ထားရင် သင်ဖုန်းယူလာဖို့ မလိုတော့ပါဘူး။ သူဟာစမတ်နာရီပုံသဏ္ဍာန် ဖြစ်ပါတယ်။
![](https://s6.kh1.co/86/86d15c72d59c3ffe52a46c67f8be323bf9b8d370.jpg)
![](https://s4.kh1.co/cf/cfb74b2a8ed7505e1e68441bf0e61115a2bd37a1.jpg)
သူ့ကို လက်ကောက်ဝတ်ကနေ ချွတ်လိုက်ပြီးအောက်ဘက်မှ လက်တံ နှစ်ခုကိုထုတ်လိုက်ရင် စပီကာနဲ့ မိုက်ကရိုဖုန်းများကိုအသုံးပြု၍ ဖုန်းပြောနိုင်ပါတယ်။ စွမ်းရည်မြင့် အန်တင်နာများတပ်ဆင်ထားတဲ့အတွက် 4Gဆက်သွယ်မှုကိုအသုံးပြုနိုင် ပါတယ်။ သူ့ရဲ့ အိုင်ဒီယာဟာ ချပ်ဝတ်တန်ဆာ ကွန်ပျူတာနဲ့ ဖုန်းကို ပေါင်းစပ်ထားတဲ့အတွက် ထူးခြားပါတယ်။
![](https://s6.kh1.co/82/82e46421ae6258130e08bb72ec3bdc972126771b.jpg)
![](https://s5.kh1.co/74/74a76811f3a0f6fb3d1d592277eb7ba731fee22f.jpg)
၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာတစ်လုံးကိုလက်တံတစ်ခုမှာ တပ်ဆင် ထားပါတယ်။ အားသွင်းဖို့အတွက် လက်တံများကိုအသုံးပြုရမှာ ဖြစ်ပါ တယ်။ သာမာန်အချိန်မှာစမတ်နာရီလို ဝတ်ဆင်ထားနိုင်ပြီးဖုန်းလာရင် လွယ်ကူလျင်မြန်စွာ ချွတ်၍ ဖုန်းပြောလိုက်ရုံပါပဲ။ Indiegogo ဝက်ဆိုက်မှာ သူ့ကိုထုတ်လုပ်ရောင်းချဖို့ ရန်ပုံငွေကောက်ခံမှာ ဖြစ်ပါတယ်။ သူဟာစမတ်ဖုန်းများရဲ့ စွမ်းရည်ကိုမယှဉ်နိုင်ပေမယ့် ဖုန်းမကိုင် ချင်သူများအတွက် သင့်တော်ပါတယ်။
Source : Mobileguide
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။