တေးသံရှင်ဆိုတေး ဆိုတာကတော့ သူ့ရဲ့ခံစားချက်ပါတဲ့ သီချင်းစာသားလေးတွေရယ် သာယာညိမ့်ညောင်းတဲ့ အသံအေးအေးလေးတို့ကြောင့် ပရိသတ်တွေရင်ထဲရောက်ရှိလာတဲ့ တေးသံရှငိတစ်ဦးပဲဖြစ်ပါတယ်။
သူ့ရဲ့သီချင်းတွေဖြစ်တဲ့ မီးအိမ်ရှင် ၊ အဝေးရောက်ချစ်သူ ၊သစ္စာ နဲ့အခြားသောတေးသီချင်းတွေများစွာကလည်း အဆွေးခံစားချက်မရှိသူတွေတောင် နားထောင်မိလိုက်တာနဲ့ ဆွေးသွားစေနိုင်တဲ့သီချင်းလေးတွေပဲဖြစ်ပါတယ်။


ဆိုတေးဟာ သူ့ရဲ့ဒုတိယမြောက် တစ်ကိုယ်တော်တေးအယ်ဘန်ဖြစ်တဲ့ မင်္ဂလာပါ တေးအယ်ဘန်မထွက်ခွင်မှာ ဘဝမှာအရမ်းကြီးမားတဲ့ ကံကြမာအလှည့်အပြောင်းကြီး တစ်ခုနဲ့ကြုံခဲ့ရပေမယ့် လုံးဝအရှုံးမပေးဘဲ သူချစ်တဲ့ပရိသတ်တွေရဲ့ ရှေ့မှောက်ကို ပြန်လည်ရောက်ရှိအောင်ကျိုးစားခဲ့သူလေးတစ်ဦးပါပဲ။
တချို့ပရိသတ်တွေကတော့ ဆိုတေးဟာ မင်္ဂလာပါ.အခွေထွက်ပြီးထဲက ပရိသတ်တွေနဲ့ ဝေးကွာသွားပြီလို့ထင်ကြပေမယ့် တကယ်တော့လူမှုကွန်ယက်ပေါ်က မီဒီယာတွေနဲ့သာဝေးကွာသွားခဲ့တာပါ ၊ ဆိုတေးကတော့ သူမြတ်နိုးတဲ့အနုပညာအလုပ်တွေကို တတ်စွမ်းသလောက် ပြုလုပ်နေဆဲပဲဖြစ်ပါတယ်။


လတ်တလောမှာဆိုရင်လည်း ဆိုတေးဟာ သူ့ရဲ့သီချင်းအသစ်လေးတွေများစွာကို ကြိုးစားပြီးဖန်တီးနေပါတယ်။
သိပ်မကြာခင်မှာ ဆိုတေးရဲ့သီချင်းအသစ်လေးတွေကို နားဆင်နိုင်တော့မှာဖြစ်သလို ပရိသတ်တွေရဲ့နှလုံးသားထဲမှာရော ဆိုတေးအတွက် နေရာလေးတွေရှိသေးရဲ့လား။
ဆိုတေးရဲ့သီချင်းတွေထဲက ပရိသတ်တွေအကြိုက်ဆုံး.သီချင်းလေးတစ်ပုဒ်ကိုလည်း ပြောပြခဲ့ကြဦးနော်။



Source - Singer So Tay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။