အိမ့်ထရက်ရှာဆိုတဲ့ မိန်းကလေးကတော့ မော်ဒယ်လောကကနေ စတင်ဝင်ရောက်လာတဲ့သူဆိုတာ ပရိတ်သတ်ကြီး သိမှာပါ။အိမ့်ထရက်ရှာက ဘာမှအပြစ်ပြောစရာမရှိအောင် လှရက်နိုင်သူလေးပါ။မျက်နှာဖူးဖူးလေးက ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားလို့ မပြင်ဆင်ဘဲနေရင်တောင် ချစ်စရာကောင်းသူတစ်ယောက်ပါ။
အိမ့်ထရက်ရှာက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာပြီး ပရိတ်သတ်ရဲ့ရင်ထဲကို တစ်စတစ်စနဲ့ ဝင်ရောက်သိမ်းပိုက်တော့မယ့်သူလေးပါ။အိမ့်ထရက်ရှာက လူငယ်ပီပီ အမှားလေးတွေတော့ရှိပေမယ့် ပြသာနာကြားတွေကနေ စိတ်ဓာတ်ခိုင်မာစွာနဲ့ ရုန်းထွက်နိုင်သူလေးပါ။အဲ့ဒါကို ဘယ်လို ဥပမာပေးလို့ရလဲဆိုရင် မီးပုံထဲကနေ ရှင်သန်ခဲ့တဲ့ ဖီးနစ်ငှက်နဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။
အိမ့်ထရက်ရှာက ပရိတ်သတ်အတွက် tiktok လေးတွေကို ချစ်စဖွယ်ရိုက်ပြီး ရေပန်းစားလာတဲ့သူလေးပါ။အခုနောက်ပိုင်းမှာတော့ ပရိတ်သတ်အတွက် မကြာခင်မှာချပြမယ့် video တစ်ခုကို ရိုက်ကူးနေပါတယ်။အခုမှာတော့ သူမဟာ ဝေဖန်မှု့တွေကြားကနေ ရုန်းထွက်ပြီး ဘဝအသစ်ကို စတင်နေတဲ့ အိမ့်ထရက်ရှာကို အားပေးလိုက်ကြရအောင်နော်။
Source:Eaint Treasure
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။