ဆုပန်ထွာရဲ့ လက်တလော အနုပညာလှုပ်ရှားမှု့တွေက show ပွဲတွေလျှောက်ပြီး သီချင်းတွေဆိုနေပါတယ်။ဆုပန်ထွာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အရင်ကထက်တောင် ပိုပိုလှလာပါသေးတယ်။အရမ်းကိုတည်ငြိမ်တဲ့ အလှတရားတွေနဲ့ လှနေတဲ့ ဆုပန်ထွာကတော့ ချစ်စရာကောင်းတဲ့ သားလေး Roar Roar ကိုပိုင်ဆိုင်ထားပါပြီ။
ဆုပန်ထွာက ဘုရားတရားကိုင်းရှိုင်းလို့ မနက်တိုင်း သရဏဂုံ ဆောက်တည်ပြီး နေ့သစ်တစ်နေ့ကို အစပြုပါတယ်။ဆုပန်ထွာက သူမရဲ့သားလေးကို သေချာသွန်သင်ဆုံးမပေးလို့ လိမ္မာယဉ်ကျေးတဲ့ သားသားလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပါပြီ။Roar Roar လေးက အမေလုပ်သလို ဘုရားတွေရှိခိုး အမေသင်ပေးထားသလို ကိုယ်ဝတ်တဲ့ diver လေးကိုလည်း ကိုယ်တိုင် လွှင့်ပစ်သေးတာပါ။
Roar Roar လေးက အမေ့ကိုလည်း မီးဖိုချောင်အလုပ်တွေ ကူညီပြီး လုပ်ကိုင်ပေးသေးတာပါ။ကလေးတစ်ယောက်လိမ္မာဖို့ သိတတ်ဖို့ဆိုတာ လက်ဦးဆရာဆိုတဲ့ မိဘနဲ့ပဲဆိုင်ပါတယ်။Roar လေးက တိရိစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သေးလို့ သူကိုယ်တိုင် ကြက်လေးတွေကို မွေးပြီး နံနက်တိုင်း အစာကိုယ်တိုင်ကျွေးနေတာပါ။Roar လေးရဲ့ကြက်ကလေးတွေကို အစာကျွေးနေတဲ့ ချစ်စရာပုံလေးတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Source:Supan Htwar
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။