ပရိသတ်ကြီးရေ.. ဒီဇင်ဘာ(၁၁)ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ သရုပ်ဆောင်မင်းသား ကျော်ဇောဟိန်း ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အချိန်ခဏလေးအတွင်း လူမှုကွန်ယက်နဲ့ ပရိသတ်တွေကြား ပျံ့နှံသွားပြီး ပြည်သူပရိသတ်တွေကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်..။
နာရီပိုင်းအတွင်းမှာပဲ သရုပ်ဆောင်ကျော်ဇေဟိန်း ကွယ်လွန်သွားပြီဆိုတဲ့ အဆိုပါသတင်းတွေဟာ မဟုတ်မမှန်တဲ့ ကောလဟာသသတင်းတွေသာ ဖြစ်ကြောင်းနဲ့ နာမည်တူတာဖြစ်ကြောင်း သိရခဲ့ပါတယ်..။



ရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ အဆိုပါသတင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများကလည်း စိုးရိမ်သွားခဲ့ကြပြီး ဖုန်းဆက်ကာ သတင်း လှမ်းမေးခဲ့တဲ့ အခါမှာတော့ နာမည်တူတာဖြစ်ပြီး အကောင်းတိုင်းရှိနေတဲ့အကြောင်းကို ကျော်ဇောဟိန်းက ပြန်လည်ပြောပြထားပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်ပေးခဲ့ပါတယ်..။
ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟာလသတင်းတွေကြောင့် စိုးရိမ်နေတဲ့ ပရိသတ်တွေကိုလည်း ကျော်ဇောဟိန်းနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ချောရတနာ၊ သန္တာဗိုလ်နဲ့ ညီညီမင်းထက်တို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေဟာ နာမည်တူတဲ့ သတင်းအမှားသာ ဖြစ်ကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးပြောပြထားကြပါသေးတယ်..။



“ကျွန်တော့၏သူငယ်ချင်း သရုပ်ဆောင်ကျော်ဇောဟိန်းသည် ကျန်းကျန်းမာမာဖြင့်မိသားစုနှင့်အတူရှိပါကြောင်း ယခုဖြစ်ပေါ်နေသောသတင်းများမှာ မှားယွင်းသောသတင်းသာဖြစ်ပါကြောင်းလေးစားစွာဖြင့်အသိပေးအပ်ပါသည်..” ဆိုပြီးတော့လည်း ညီညီမင်းထက်က အသိပေး ပြောပြထားတာ တွေ့ရပါတယ်..။
မကြာခင်မှာလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း Live လွှင့်ပြီး ပရိသတ်တွေကို အသိပေး ပြောကြားသွားမှာ ဖြစ်တယ်ဆိုပြီး ကျော်ဇောဟိန်းက ပြောပြထားတာမို့ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေလည်း စိတ်မပူကြပါနဲ့တော့နော်..။


Photo - ကျော်ဇောဟိန်း၊ ညီညီမင်းထက်၊ ချောရတနာ၊ သန္တာဗိုလ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။