ချစ်စရာကောင်းတဲ့ မင်းသမီးလေး ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပရိတ်သတ် အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံး မြန်မာဆန်တဲ့ အလှတွေကြောင့် မြင်သူတိုင်းက အားကျငေးမောနေရတဲ့ သူလေး ပဲ ဖြစ်ပါတယ်။ သူမ အရမ်းကို ချစ်ပြီး တန်ဖိုးထားရတဲ့ ပရိတ်သတ်ကြီးအတွက် အကောင်းဆုံးတွေကိုသာပေးနိုင်ဖို့ ကြိုးစားနေသူတစ်ဦး ဆိုတာလည်း ပရိတ်သတ်တွေ အသိဆုံးဖြစ်မှာပါ။
ပြသခဲ့သမျှ မေမြင့်မိုရ်ရဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတိုင်းဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို အမြင့်ဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ယခုလတ်တလောမှာလည်း ပရိတ်တွေကြားမှာ ရေပန်းစားလျက်ရှိတဲ့ " ပုဂံ မြို့သူ " ရုပ်ရှင်ဇာတ်လမ်းတွဲမှာလည်း ပရိတ်သတ်တွေ ချစ်တဲ့ မေမြင့်မိုရ်ကို ပုဂံသူလေး အစောအဖြစ် မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကို ပရိတ်သတ်တွေ အတွက် ကြိုးစားရိုက်ကူးနေပြီး " ကြောက် ကြောက် ကြောက် ၂ " ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပုဂံ မြို့သူ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေစဉ် အတွင်းမှာ အမှတ်တရ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တဲ့ အစောလေးကတော့ သူမရဲ့ ပုဂံမြေကို ချစ်တဲ့စိတ်က နှလုံးသားထဲ မှာ ကိန်းအောင်းလျက်ရှိနေပါတယ်။ ပုဂံမြို့ကို ရောက်တုန်း ပုဂံရဲ့ အမှတ်သင်္ကေတ လေးတွေကိုလိုက်လံရှာဖွေခဲ့တဲ့ မေမြင့်မိုရ်ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပါတယ်နော်။
Source: May Myint Mo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။