ဘုန်းမင်းနေလ ဆိုတာ ပရိသတ်တွေကြား အားပေးမှုရရှိထားတဲ့ နာမည်ကြီး မင်းသမီး ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဖြစ်ပါတယ်။ မိခင်နဲ့အတူ ပွဲတွေတက်ရင်း ပရိသတ်တွေ သတိ ထားမိခဲ့ရာနေ လက်ရှိမှာတော့ အနုပညာအလုပ်လေးတွေလည်း အစပျိုး လုပ်ကိုင်နေ တာ တွေ့ရပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုရရှိထားတဲ့ ဘုန်းမင်းကတော့ မေမေ့စကားနားထောင်တဲ့ သား လိမ္မာလေးပဲဖြစ်ပါတယ်။ 

ယနေ့လေးကတော့ ပရိသတ်တွေချစ်ခင်အာပေးခဲ့ရတဲ့ ခင်ဇာခြည်ကျော်ရဲ့ သားလေးဘုန်းမင်းနေလရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ချစ်မေကြီခင်ဇညခြည်ကျော်ကတော့ သားလေးဘုန်းမင်းနေလရဲ့ မွေးနေ့လေးမှာ ချစ်သားလေးရဲ့ ငယ်ဘဝက ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဗီဒီယိုလေးနဲ့အတူ ထုတ်ဖော်ပြသလိုက်ပါတယ်။  

ခင်ဇာခြည်ကျော်ကတော့ " Happy birthday အချစ်ဆုံး သား ကြီး ဘုန်းမင်း ၆. ၁၂. ၂၀၁၈ ၁၇ နှစ်ပြည့် မွေးနေ့မှ စ၍ စိတ် ချမ်းသာ ကိုယ် ကျန်းမာ စွာ နဲ့မိဘ ကျေးဇူး သိ နိုင် တဲ့သား ကောင်း ရတနာ တစ်ဦး ဖြစ် ပါ စေ ...!!ပညာ ရေးမှာ လည်း ထူး ချွန် ပြောင် မြောက် ပါ စေ ..!! " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ 

source: Khinzar Chikyaw Zar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။