မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပက်ထရစ်ရှာတစ်ယောက် မန္တလေးမြို့မှာ သူမရိုက်ကူးထားတဲ့ အလန်းစားပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်ကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အချိန်တိုင်းမှာဆွဲဆောင်မှုတွေပြည့်နေတဲ့ သူမရဲ့ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်လေးဟာ တကယ်ကိုရင်ခုန်နချင်စရာကောင်းလွန်းနေပါတယ်။ သူမကိုတိုက်ခိုက်သူတွေအများအပြားရှိနေတဲ့ကြားထဲကပဲ အနုပညာလောကမှာ ကြိုးကြိုးစားစားနဲ့ အဆင်ပြေပြေရပ်တည်နိုင်အောင် သူမက အတော်လေးကြိုးစားနေတယ်လို့ဆိုပါတယ်။

သူမကိုနာမည်ချချင်တဲ့သူတွေဟာ သူမအနုပညာအလုပ်တွေမလုပ်တော့ဘူးဆိုတဲ့အကြောင်းနဲ့ သူမနဲ့နာမည်တူ အပြာမင်းသမီးတစ်ယောက်ရဲ့ Video တစ်ခုကို သူမပါဆိုပြီး လူမှုကွန်ယက်မှာ လိုက်ဖြန့်ဝေနေတာကြောင့် ရှာရှာတစ်ယောက် အရမ်းကိုစိတ်ပင်ပန်းနေရတယ်လို့ ပြီးခဲ့တဲ့ လပိုင်းလောက်က သူမရဲ့ပရိသတ်တွေကို ရင်ဖွင့်ပြောကြားခဲ့ပါသေးတယ်။ ဘယ်လိုပဲတိုက်ခိုက်မှုတွေများနေပါစေ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ အမြဲတမ်း သူမဖက်ကအပြည့်အဝရှိနေမှာ အသေအချာပါပဲ။

ရန်ကုန်မပြန်ခင် သူမရိုက်ကူးခဲ့တဲ့ အလန်းစားပုံရိပ်လေးတွေကတော့ ကျားသစ်မလေးတစ်ကောင်လို အပြတ်ကိုလန်းနေပါတော့တယ်။ ဘိုမရုပ်လေးလို ချစ်ဖို့ကောင်းတဲ့ရှာရှာတစ်ယောက် အသက်ဆယ့်လေးနှစ်အရွယ်ကတည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး တဖြည်းဖြည်း အရွယ်ရောက်ချိန်မှာ ပိုပိုပြီးလှသွေးကြွယ်လာတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Patricia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။