ပရိသတ်ကြီးရေ.. ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ဟာ ဒီကနေ့ဒီဇင်ဘာ(၄)ရက်နေ့လေးမှာ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်..။

ဒါရိုက်တာ ဦးခင်ဇော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်ခဲ့တဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်ပြီး အသက်အရွယ်ကြီးပြီဖြစ်သလို နာတာရှည်ရောဂါကြောင့် အိပ်ယာထဲလဲနေခဲ့ပါ..။

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်ကလည်း နာတာရှည်ရောဂါကြောင့် အိပ်ယာထဲလဲနေပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူအပေါ်ကို သားသမီးတာဝန်ကျေပွန်စွာ ကလေးတစ်ယောက်လို ပြန်လည်ပြုစုစောင့်ရှောက်ခဲ့ကြတာကိုလည်း မျက်ရည်ကျလောက်အောင် ကြည်နူးပီတိဖြစ်စေတာလည်း တွေ့ရပါတယ်..။

မိသားစုစားဝတ်နေရေး စီးပွားရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရသလို အစ်ကိုဖြစ်သူမိုက်တီးရဲ့ ရုံးထုတ်ထောင်ဝင်စာတွေရတာအပြင် တစ်ဖက်မှာလည်း ပရဟိတလုပ်ငန်းတွေကိုလည်း အချိန်မှီကုသိုလ်ပြု လုပ်ဆောင်နေခဲ့ပြီး အလုပ်တွေဘယ်လောက်များများ ဖခင်ဖြစ်သူ လူမမာကိုလည်း မညည်းမညူနဲ့ ကြည်ဖြူချစ်ခင်စွာ ကျေးဇူးဆပ်ပြုစုစောင့်ရှောက်ခဲ့တာတွေကလည်း တကယ်ကို အတုယူသာဓုခေါ်စရာပါပဲ ပရိသတ်ကြီးရေ..။

ဖခင်ဖြစ်သူ ဦးခင်ဇော်အပေါ် သေဆုံးတဲ့အထိ တာဝန်ကျေခဲ့တဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်ရဲ့ ဝမ်းသာပီတိလေးတွေနဲ့ ချီးကျူးသာဓုခေါ်စရာကောင်းလှသလို ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့လည်း အနုပညာရှင်တော်တော်များများနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာလည်း တွေ့ရပါတယ်..။

အခုလတ်တလောမှာောတ့ ဦးခင်ဖော် မကွယ်လွန်ခင် ချစ်ချစ်ဖော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူကို ရိုကျိုးစွာ ကျေးဇူးဆပ်ပြုစုစောင့်ရှောက်ခဲ့တဲ့ ချီးကျူးစရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – Tin Tun Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။