ပြည်တွင်း နာမည်ကြီး လူရွှင်တော်ကြီးတွေထဲမှာ စူပါဘဲတောကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မန္တလေးတိုင်းလူရွှင်တော်အသင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သလို ဟာသလောကမှာလည်း သူမတူအောင် လုပ်ဆောင်နိုင်တဲ့ လူရွှင်တော်တစ်ဦးဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်က ပရိသတ်များစွာရဲ့ အသည်းစွဲ လူရွှင်တော်တစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိ စူပါဘဲတောကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျှက်ရှိပြီး အငြိမ့်၊ ကြော်ငြာနှင့် တေးသီချင်း MTV များစွာကိုလည်း ပါဝင်ရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက ဘဲတော်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ချစ်စရာသတိုးသမီးတစ်ဦးနဲ့အတူ မင်္ဂလာဝတ်စုံဖြင့် မင်္ဂလာဆောင်ပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေမှာတော့ စူပါဘဲတောရဲ့ချစ်စရာသတိုးသမီးလောင်းလေးကြောင့် အပြုံးတွေဝေနေပုံနှင့်အတူ "ဘဲတော မင်္ဂလာ ဆောင်တဲ့နေ့ပေါ့" ဟူ၍လည်း ရေးသားထားတာတွေ့ရပါတယ်။ 

လက်တလော အနုပညာအလုပ်တွေကို မကြာခဏပါဝင်ရိုက်ကူးနေပြီး အဆိုပါပုံရိပ်တွေကတော့ မင်္ဂလာဆောင်နေ့ MTV ရိုက်ကွင်းပေါ်ကပုံရိပ်တွေဖြစ်ကြောင်း ရေးသားထားတာလည်းတွေ့ရပါတယ်။ မန္တလေးလူရွှင်တော်ဥက္ကဌကြီး စူပါဘဲတောရဲ့ ဒီကနေ့ ရိုက်ကွင်းပေါ်က မင်္ဂလာသတိုးသားပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - စူပါဘဲတော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။