ပရိသတ်ကြီးရေ တက်သစ်စ မော်ဒယ်ချောလေး ထက်အောင်ရှိုင်းကတော့ သူရဲ့ချောမောခန့်ညားတဲ့ Body နဲ့ ရုပ်ရည်စတိုင် အနေအထားတွေကြောင့် မိန်းမပျိုလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

သူကတော့ နှုတ်ခမ်းနီ မလေးတွေရဲ့ အချစ်ကို မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထက်အောင်ရှိုင်းကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။Tik Tok အမြဲလိုလိုဆော့တတ်တဲ့ မော်ဒယ်မင်းသားချောလေး ထက်အောင်ရှိုင်းတစ်ယောက်ကတော့ လတ်တလောမှာလည်း သူငယ်ချင်းတွေနဲ့ အတူ အခွီတစ်လိုင်းရိုက်ထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

သူတို့သူငယ်ချင်းတွေဟာဆိုရင် အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်ကြသူတွေလည်းဖြစ်ပါတယ်။အမြဲဆိုသလို သူငယ်ချင်းတွေနဲ့ စနောက်နေကြတဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိတာလည်းတွေ့ရပါတယ်။သူတို့ သူငယ်ချင်းလေးတွေရဲ့ tik tok ဗီဒီယိုကြည့်ပြီး အရမ်းရီ ရတာကြောင့် ပရိသတ်ကြီးတွက်ပါ မျှဝေပေးလိုက်ပါတယ်။

Source:Htet Aung Shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။