ပရိတ်သတ်တွေရဲ့ အချစ်တွေများစွာနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီး မေမြင့်မိုရ်ဟာဆိုရင် ချစ်စရာကောင်းပြီး သူများနဲ့ မတူတဲ့ အလှတွေနဲ့ လှနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတော်တော်များများ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။
 
                        
                     
                        
                    မေမြင့်မိုရ်ရဲ့ ပိုင်နိုင်ပြီး အရည်အချင်းရှိတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေကတော့ အစဉ်အမြဲအားပေးလျက်ရှိပြီး အနုပညာပိုင်မှာ တကယ်ပိုင်နိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မတူညီတဲ့ ပုံစံ ကာရိုက်တာတွေနဲ့ ဆွဲဆောင်ထားတဲ့ မေမြင့်မိုရ်ကတော့ ယခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ MRTV-4 မှ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ ပုဂံမြို့သူ မြန်မာရုပ်သံဇာတ်လမ်းတွဲမှာ နှစ်ဘဝပုံစံနဲ့ သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
 
                        
                     
                        
                    စာဖွဲ့လောက်တဲ့ အလှတွေနဲ့ အတူ အရမ်းကိုလိုက်ဖက်တဲ့ ရှေးဟောင်းပုံဂံ ဝတ်စုံလေးနဲ့ သူမတူအောင်လှနေတဲ့ မေမြင့်မိုရ်ကတော့ ပရိတ်သတ်ကြီးအတွက် ပုဂံမြို့သူ အစောရဲ့ ဇာတ်ကောင်ကို ပီပြင်အောင် ပုံဖော်ထားတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ လှပ နုနယ်နဲ့ အလှတွေနဲ့ မြင်ရသူတိုင်း အေးချမ်းသွားစေမယ့် ပုဂံသူလေး အစောရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက်ဖော်ပြပေးလိုက်ပါတယ်နော်။
 
                        
                    Source:May Myint Moe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              