သုသုလို့ချစ်စနိုးနာမည်လေးပေးထားတဲ့ ပရိသတ်အချစ်တော် ညီညီမောင်(စမ်းချောင်)ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မိတ်ကပ်ပညာရှင်တွေထဲမှာ လူချစ်လူခင်အပေါဆုံး မိတ်ကပ် Artist တစ်ယောက်လို့ဆိုရပါမယ်။ လူမှုကွန်ယက်ပေါ်မှာလည်း ချစ်စရာကောင်းတဲ့ဟာသဗီဒီယိုဖိုင်လေးတွေနဲ့နာမည်ကြီးသူပဲ ဖြစ်ပါတယ်။ဝါသနာပါရာမိတ်ကပ်ပညာလေးလုပ်ကိုင်ရင်း ပျော်ပျော်နေတက်ပြီးရိုးရှင်းစွာဖြတ်သန်းနေတဲ့သူမရဲ့ဘဝကတော့တကယ့်ကိုကျေနပ်စရာကောင်းပါတယ်နော်။ 

လူမှုကွန်ယက်မှာလည်း ချစ်ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတက်ပြီး ချစ်စရာကောင်းတဲ့ပုံလေးတွေကိုလည်း အမြဲမျှဝေပေးတာကြောင့်ပရိသတ်တွေအချစ်ပိုနေရတာပဲဖြစ်ပါတယ်။သူမကတော့ Lady Boy တစ်ဦးဖြစ်ပေမယ့်လည်း ကာလံဒေသံအလိုက် ဝတ်စား တက်ပြီး ဖက်ရှင်နဲ့ပတ်သတ်လာရင်လည်း ပရိသတ်တွေအားကျရလောက်တဲ့အထိသူမနဲ့လိုက်ဖက်တဲ့အဝတ်အစားလေးတွေကို ရွေးချယ်ဝတ်ဆင်တက်တာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း ပရိသတ်တွေမှင်သက်သွားလောက်တဲ့ အလှတွေနဲ့လှလွန်းနေတဲ့သူမရဲ့ ပုံရိပ်လေးတွေကိုမျှဝေလိုက်ပြန်ပါတယ်။

သူမရဲ့ လူမှုကွန်ယက်မှာတော့ "နှုတ်ခမ်းနီ ဆိုရင်အနီရောင် မှကား ဆိုရင် လည်းအနီ ရောင်ပဲ"ဆိုတဲ့စာလေးတွေနဲ့ ခပ်မိုက်မိုက်ခပ်ဂေါ်ဂေါ်ပုံအလန်းတွေတင်လိုက်တာပဲ ဖြစ်ပါတယ်။သုသုကတော့အနီရောင် ခရေဇီတစ်ယောက်ဖြစ်ပုံပါပဲနော်။ချစ်စရာကောင်းတဲ့သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်းချစ်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ညီညီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။